သတင်းများ

တောင်တွင်းကြီးမြို့နယ်၌ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် အ‌ခြေခံ ပန်းချီရေးဆွဲနည်း သင်တန်းဖွင့်လှစ်သင်ကြား
May 03,2022
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centreတွင် ယနေ့နံနက် ၉ နာရီ ခွဲက အခြေခံပန်းချီရေးဆွဲနည်း သင်တန်း ဆက်လက်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
မင်းလှမြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် နေအိမ်များအား ထောက်ပံ့ငွေ ပေးအပ်
May 03,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ဧပြီလ ၃၀ ရက်နေ့တွင် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ပျက်စီးသွားခဲ့သည့် တောင်ဦးကျေးရွာ၊ ထန်းကိုင်းကျေးရွာ၊ ကိုင်းကျေးရွာနှင့် ရွာသစ်ကျေးရွာတို့မှ တစ်စိတ်တစ်ပိုင်း ပျက်စီးလူနေအိမ်(၁)လုံး၊ အမိုးလန်ပျက်စီးနေအိမ် (၁၄) လုံး အတွက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ဆောက် ပစ္စည်းထောက်ပံ့ငွေနှင့် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေများကို ယမန်နေ့ညနေ ၄ နာရီခွဲက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းဝေးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့သည်။
ကလောမြို့၌ မသန်စွမ်းသူများအတွက် အတားအဆီးမဲ့ ခရီးသွားလုပ်ငန်း ဖော်ဆောင်ခြင်းဆိုင်ရာ ဟိုတယ်နှင့် ဧည့်လမ်းညွှန်များအတွက် အခြေခံဝန်ဆောင်မှုသင်တန်း ဖွင့်လှစ်
May 03,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် မသန်စွမ်းသူများအတွက် အတားအဆီးမဲ့ ခရီးသွားလုပ်ငန်းဖော်ဆောင်ခြင်းဆိုင်ရာ ဟိုတယ်နှင့်ဧည့်လမ်းညွှန်များအတွက် အခြေခံဝန်ဆောင်မှုသင်တန်းကို ယနေ့နံနက် ၈ နာရီက ကလောမြို့နယ်ခန်းမ၌ ဖွင့်လှစ်ခဲ့ရာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်တောင်စုဝန်ကြီးက တက်ရောက် အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ကဝမြို့နယ် လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမ၌ "လူငယ်နှင့် အခွင့်အလမ်း" စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်
May 03,2022
ပဲခူးခရိုင်၊ ကဝမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Book Club) စာအုပ်စာ‌ပေ ချစ်မြတ်နိုးသူများအသင်းနှင့် (Youth Club) လူငယ်အသင်းတို့ ပူးပေါင်း၍ စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသားထားသည့် " လူငယ်နှင့် အခွင့်အလမ်း" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ မွန်းလွဲ (၁) နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရမ်းမြို့နယ်တွင် မိန်းမ၀တ်အင်္ကျီညှပ်နည်းသင်တန်းဆင်းပွဲကျင်းပ
May 03,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် women club တို့ပူးပေါင်း၍
ကန့်ဘလူမြို့နယ်တွင် သဘာဝဘေးကြောင့် ထိခိုက်ဒဏ်ရာရသူနှင့် ပျက်စီးမှုများအတွက် ထောက်ပံ့ပေးအပ်ပွဲကျင်းပ
May 03,2022
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တွင် မတ်လနှင့် ဧပြီလများက သဘာဝဘေးကြောင့် ထိခိုက်ဒဏ်ရာရသူနှင့် လူနေအိမ်ပျက်စီးမှုများအတွက် ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် ၁၁ နာရီခန့်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့် က သဘာဝဘေးကြောင့် ထိခိုက်ပျက်စီးမှုများအတွက် ထောက်ပံ့ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။
နတ်မောက်မြို့ လူထုအခြပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ ချည်ထိုးနည်း အခြေခံသင်ကြား ပြသ
May 03,2022
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ ကျောင်းသူလေးများအား နွေရာသီကျောင်းပိတ်ရက်များတွင် ကာယဉာဏ ဖွံ့ဖြိုးစေရန်နှင့် အားလပ်ရက်များတွင် အချိန်ကို အကျိုးရှိစွာ အသုံးချတက်စေရန် ရည်ရွယ်၍ ယနေ့နံနက် (၉) နာရီအချိန်ခန့်က ချည်ထိုးနည်း အခြေခံ ကို သင်ကြား ပြသခဲ့သည်။
သာပေါင်းမြို့နယ် မီးသတ်တပ်ဖွဲ့မှ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက အချိန်မီ ကယ်ဆယ်ရေး ဆောင်ရွက်နိုင်ရန်ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ ကြိုတင်ပြင်ဆင်ထားရှိ
May 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ဥစ္စာ ပစ္စည်းများ ပျက်စီးဆုံးရှုံး လျော့ပါးပျောက်ပျက်မှုမရှိရေးနှင့်အချိန်မီ ကူညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များကို ယနေ့ မေလ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က ကြိုတင်စုဖွဲ့ လေ့ကျင့် ပြင်ဆင်ထားရှိခဲ့ကြသည်။