ပိုင်ကျုံမြို့ အမှတ်(၄)ရပ်ကွက်၌  ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ကွင်းဆင်းထိုးနှံပေး

ပိုင်ကျုံ  မေ  ၃

ကရင်ပြည်နယ်၊  ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင်   ကိုဗစ်-၁၉ရောဂါ    ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်စေရန်နှင့် ရောဂါပိုးကူးစက်ပြန့် ပွားမှုကို လျှော့နည်းစေရန် ရည်ရွယ်၍  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို အရှိန်အဟုန်မြှင့် ထိုးနှံပေးလျက်ရှိရာ ပိုင်ကျုံမြို့အမှတ်(၄)ရပ်ကွက်၌ ဒုတိယအကြိမ်  ကာကွယ်ဆေးထိုးနှံရမည့် ပြည်သူ (၄၄)ဦး အားယနေ့နံနက်ပိုင်းက ကွင်းဆင်းထိုးနှံ‌ ပေးခဲ့ကြောင်း သိသည်။

ပိုင်ကျုံမြို့တွင် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ၂၀၂၁ခုနှစ်၊ ဩဂုတ်လမှစတင်ထိုးနှံ‌ပေး လျက်ရှိပြီး ‌မြို့နယ်အတွင်းရှိ ဒေသနေပြည်သူများကာကွယ်ဆေး ရာနှုန်ပြည့်ထိုးနှံနိုင်ရေးအတွက် မြို့နှင့်အလှမ်းဝေးသော ကျေးရွာအုပ်စုများ၊ သွားလာရန်ခက်ခဲသော ကျေးရွာများနှင့် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသေးသည့် မိဘပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက်‌ ကျေးရွာများအရောက် ကွင်းဆင်း၍ ထိုးနှံပေးလျက်ရှိရာ ‌ယခုအခါ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပြီးသူ စုစုပေါင်း (၁၄၉၀၃)ဦးရှိပြီးဖြစ်ကြောင်း မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရှသည်။

ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ပိုင်ကျုံမြို့ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှတာဝန် ရှိသူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများပူးပေါင်း၍  ကာကွယ်ဆေးလာရောက်ထိုးနှံသည့် ပြည်သူများ အဆင်‌ပြေလွယ်ကူစေရန်အတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)