မြိတ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကွန်ပျူတာအခြေခံသင်တန်းဖွင့်လှစ်

မြိတ်   မေ   ၃

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြိတ်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာနတွင် ရုံးဝန်ထမ်းများ ကွန်ပျူတာဖြင့်ရုံးလုပ်ငန်းများ ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်စေရန်အတွက် ကွန်ပျူတာ အခြေခံသင်တန်းကို ယနေ့ နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။

ရှေးဦးစွာ  မြိတ်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးယုဝါအောင်က သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်နှင့် သင်တန်းဖွင့်အမှာစကားပြောကြားပြီး သင်တန်းစတင်ခဲ့သည်။ သင်တန်းတွင် word File ၊  EXcel File    ဖြင့် စာစီစာရိုက်နည်း၊ Power point ပြုလုပ်နည်းနှင့်စာစီစာရိုက် နည်းများကို  သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းကို မေလ(၃)ရက်မှ(၁၂)ရက်အထိ သင်ကြားပေးသွားမည်ဖြစ်ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် စိတ်ပါဝင်စားသူ(၁၀) ဦး တက်ရောက်လျက် ရှိကာ သင်တန်းနည်းပြ Myanmar Books Aid and Preservation Foundation (MBAPF) မှ တနင်္သာရီတိုင်းဒေသကြီး တာဝန်ခံ ဆရာမ ဒေါ်ကြူကြူမှ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ခိုင်ထူး (မြိတ်)