မလှိုင်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် စာသင်ကျောင်းမျက်နှာကျက်၊ လူနေအိမ်သွပ်မိုးနှင့် ဒိုင်း၊ မြှားတန်းများ ပျက်စီးဆုံးရှုံးခဲ့အပေါ် ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်

မလှိုင် မေ ၃

မလှိုင်မြို့နယ်၊ ဝမ္ဘဲလူးကျေးရွာအုပ်စု၊ ရွာတန်းရှည်ကျေးရွာ ဓမ္မာရုံတွင် ယနေ့နံနက်(၈)နာရီအချိန်က လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သော နေအိမ်များသို့ ထောက်ပံ့ငွေနှင့်ပစ္စည်းများ သွားရောက်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မလှိုင်မြို့နယ်တွင် ဧပြီလ ၃၀ ရက်နေ့ နံနက် ၇ နာရီမှ ၈ နာရီ အချိန်ထိမိုးရွာသွန်းပြီး လေပြင်း တိုက်ခိုက်မှုကြောင့် ဝမ္ဘဲလူးကျေးရွာအုပ်စု၊ သပြေပင်ကျေးရွာအုပ်စု၊ နှောကန်ကျေးရွာအုပ်စု၊ ဘောက်ခွေးတောကျေးရွာအုပ်စုများမှ လူနေအိမ်(၁၁)လုံး အမိုးလန်ခဲ့ပြီး၊ သွပ်(၂၆၁) ချပ်၊ ဒိုင်း၊ မြှားတန်းများ၊ အမက(ကူနီ) (၂’x၂’) မျက်နှာကျက်(၇၀)ချပ် ပျက်စီးဆုံးရှုံးခဲ့ပြီး တန်ဖိုးငွေကျပ်(၅၈၅၅၀၀၀) ဆုံးရှုံးခဲ့ ပါသည်။ အဆိုပါလေပြင်း တိုက်ခတ်မှုကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ပြီးနောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထိခိုက်ပျက်စီးခဲ့သော လူနေအိမ် (၁၁)လုံးအတွက် ဆန်ရိက္ခာ ငွေကျပ် (၁၈၉၀၀၀)၊ အိမ်ဆောက်ပစ္စည်း ငွေကျပ်(၂၀၀၄၄၀၀)နှင့် လူသုံးကုန်ပစ္စည်း (၁၇)မျိုးပါ ကယ်ဆယ်ရေးပစ္စည်းပုံး(၃)ပုံးတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးဌေးသန်း၊ အဖွဲ့ဝင်(၂) ဦးအောင်ကျော်သူတို့မှ ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

အောင်ဌေး(မလှိုင်)