သတင်းများ

ဆံရစ်ဝိုင်းရွာ (ခေါ်) ရေပုတ်ကြီးကျေးရွာတွင် ယဉ်ကျေးလိမ္မာ သင်တန်းဆင်းပွဲနှင့် ဆုများ ပေးအပ်ချီးမြှင့်ပွဲ ကျင်းပ
May 07,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ဆံရစ်ဝိုင်းရွာ ( ခေါ် ) ရေပုတ်ကြီးကျေရွာ အခြေခံပညာ အလယ်တန်းကျောင်းတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲနှင့် ဆုများ ပေးအပ်ချီးမြှင့်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ပန်းတောင်းမြို့နယ်တွင် ယခင်ချေးငွေများ ပြန်လည်ပေးဆပ်ရေးနှင့် ချေးငွေသစ်များ ထုတ်ချေးပေးရေး ညှိနှိုင်းဆွေးနွေးပွဲအခမ်းအနား
May 07,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မှယခင်ချေးငွေများ ပြန်လည် ပေးဆပ်ရေးနှင့် ချေးငွေသစ်များထုတ်ချေးပေးရေး ညှိနှိုင်းဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့ နံက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အလုံမြို့နယ်၌ ကမ္ဘာ့ကြက်​ခြေနီ​နေ့အထိမ်းအမှတ် အသိပညာ​ပေး​ဆွေး​နွေးပွဲ  (Talk Show)​ ဆောင်ရွက်
May 07,2022
မေလ ၈ ရက်​နေ့တွင်ကျ​ရောင်မည့် ကမ္ဘာ့ကြက်​​ခြေနီ​​နေ့အထိမ်းအမှတ်ကို  ကြိုဆိုဂုဏ်ပြု​သော အားဖြင့် ကြက်​ခြေနီအသင်းအ​ကြောင်း သိ​ကောင်းစရာ အသိပညာ​ပေး​ဆွေး​နွေးပွဲ (Talk Show) ကို  ယ​နေ့ မွန်းလွဲ ၃ နာရီအချိန်က ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ အလုံမြို့နယ်လူထုအ​ခြေပြု ဗဟိုဌာန (Community Centre) ၌ ပြုလုပ်​ကြောင်းသိရသည်။
ကျောက်တံတားမြို့နယ်တွင် ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ကျင်းပ
May 07,2022
၂၀၂၂ခုနှစ်၊ မေလ(၈)ရက်နေ့‌တွင် ကျရောက်မည့်ကမ္ဘာ့ကြက်ခြေနီနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ယနေ့မွန်းလွဲ(၂:၀၀)နာရီက ရန်ကုန်တိုင်းဒေသကြီး၊ ‌ကျောက်တံတားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အသိပညာပေးTalk Show ကျင်းပခဲ့သည်။
မတ္တရာမြို့နယ်၌ စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ
May 07,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်တွင် ၂ဝ၂၁ခုနှစ် ပါဠိပထမ ပြန်စာမေးပွဲ၌ အောင်မြင်တော်မူကြသည့် စာအောင်သံဃာတော်များ အောင်လက်မှတ်များ ဆက်ကပ်သည့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက မတ္တရာမြို့နယ် အောင်မြေသုခ ကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။
အိမ်မဲမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
May 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အ.ထ.က(၂)ကျောင်း ပညာ့ဗိမာန်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ပြန်တမ်းဝင်အရာရှိအဆင့်စတင်ခန့်လစ်လပ်ရာထူး (၁၁၁၆) နေရာအတွက် ရေးဖြေစာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
May 07,2022
ပြည်ထောင်စုရာထူးဝန်အဖွဲ့က ကြော်ငြာစာအမှတ်၊၂/၂၀၂၂ ပါ ဝန်ကြီးဌာန (၁၄) ခုမှ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်လစ်လပ်ရာထူး (၁၁၁၆) နေရာအတွက် ရေးဖြေစာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ယမန်နေ့နံနက် (၁၁) နာရီအချိန်က မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟားခါးတက္ကသိုလ်၌ ၂၀၂၂ ခုနှစ် အသစ်ခန့်အပ်သည့် နည်းပြ၊ သရုပ်ပြအသစ်များအား ကြိုဆိုပွဲ အခမ်းအနားကျင်းပ
May 07,2022
ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ ဟားခါးတက္ကသိုလ်တွင် ၂၀၂၂ ခုနှစ်အတွင်း အသစ်ခန့်အပ်သည့် နည်းပြ ၊ သရုပ်ပြ အသစ်များအား ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးတက္ကသိုလ် ၊ သမိုင်းဌာန အဆောင် ( ၃ ) ခန်းမဆောင်၌ ကျင်းပသည်။