သတင်းများ

နောင်တရားမြို့ဒေသ၌ ဂျင်းစတင်စိုက်ပျိုး
May 08,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ အနီးပတ်ဝန်းကျင်ကျေးရွာများရှိ စိုက်ပျိုးရေးတောင်သူများက ဂျင်းကို စတင်စိုက်ပျိုး လျက်ရှိကြောင်း စိုက်ပျိုးရေးတောင်သူများထံမှသိရသည်။
သာပေါင်းမြို့နယ်တွင် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံ ဆွေးနွေးပွဲကျင်းပ
May 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံ ဆွေးနွေးပွဲကို အခြေခံပညာအထက်တန်းကျောင်း သာပေါင်း သော်ကဆောင်ဆောင်ခန်းမ၌ ယမန်နေ့‌ နံနက် ၉ နာရီ အချိန်က စတင်ဖွင့်လှစ်ခဲ့သည်။
ဇမ္ဗူသီရိမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ အစိုးရပါဋ္ဌိပထမပြန် စာမေးပွဲကျင်းပဖြေဆိုနေမှုအား နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး ကြည့်ရှု အားပေး
May 08,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၂ ခုနှစ်၊ အစိုးရပါဋ္ဌိ ပထမပြန်စာမေးပွဲကို မဟာဝိဇိတာရုံပရိယတ္တိစာသင်တိုက်၊ ဓမ္မဝိဇိတဗိမာန်တော် ကြီး၌ ကျင်းပပြုလုပ်ခဲ့ရာ ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ နေပြည်တော် သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဆန်းထွန်းအောင်၊ ဇမ္ဗူသီရိမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် စာဖြေဌာန ကြီးကြပ်ဆရာတော်ကြီးများအား ဖူးမျှော်ကြည်ညို၍ သာသနာရေးဆိုင်ရာများ လျှောက်ထား သည်။
မာန်အောင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အမှတ် (၇) မေဃဝတီ မဂ္ဂဇင်းထုတ်ဝေနိုင်ရေး အစည်းအဝေး ကျင်းပ
May 08,2022
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မေဃဝတီမဂ္ဂဇင်းကော်မတီမှ မာန်အောင်မြို့နယ်မှ ထုတ်ဝေလျက်ရှိသော မေဃဝတီမဂ္ဂဇင်း အမှတ် (၇) ဆက်လက် ထုတ်ဝေနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတစ်ရပ်ကို ယမန်နေ့ မွန်လွဲ ၁ နာရီက ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ စာပေကော်မတီ ဝင် ၁၃ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၂-ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲ အောင်လက်မှတ်များ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားတက်ရောက်
May 08,2022
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြိးမှူးကျင်းပသော ၂၀၂၂-ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ စာအောင် သံဃာတော်များနှင့် သီလရှင်ဆရာများအား စာအောင်ဆုနှင့် အောင်လက်မှတ်များ ဆက်ကပ်လှူဒါန်းခြင်း၊ စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို မေလ(၆) ရက်နေ့ ညနေပိုင်းတွင် မုံရွာမြို့၊ ရွှေစည်းခုံစေတီတော်မြတ်ကြီးရှိ သာသနာ့ဗိမာန်တော် ကြီးတွင် ကျင်းပရာ အခမ်အနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များနှင့်ဇနီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာန ဆိုင်ရာများနှင့် ဝန်ထမ်းများ၊ မြို့မိမြို့ဖ များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ)နှင့် ဘားအံတက္ကသိုလ်တို့တွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
May 08,2022
ကရင်ပြည်နယ်၏မြို့တော်ဘားအံမြို့အား သန့်ရှင်းသာယာလှပသော အစိမ်းရောင်မြို့တော်ဖြစ်စေရေးအတွက် ယမန်နေ့နံနက် ၇ နာရီခွဲခန့်က ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ)နှင့် ဘားအံတက္ကသိုလ် တို့တွင် စုပေါင်း သန့်ရှင်းရေးဆောင်ရွက်ရာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် အစိုးရအဖွဲ့ဝင်များ လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
အင်္ဂပူမြို့၌ ဆီထွက်သီးနှံ(နေကြာ) မျိုးစေ့ထုတ်စိုက်ပျိုးမည့် တောင်သူများနှင့် နည်းပညာပေး သင်တန်းပြုလုပ်
May 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့၊ အ‌ထွေထွေအုပ်ချုပ် ရေးဦးစီးဌာရုံး အစည်းဝေးခန်းမ၌ ဆီထွက်သီးနှံ (နေကြာ) မျိုးစေ့ထုတ် စိုက်ပျိုးမည့် တောင်သူများနှင့် နည်းပညာ‌ပေးသင်တန်းကို ယမန်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ကပြုလုပ်ခဲ့ကြောင်း သိရသည်။
နည်းပညာတက္ကသိုလ်(ဘားအံ)၏ (၁၇)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ၊ ကရင်ပြည်နယ် ဝန်ကြီးချုပ်တက်ရောက်
May 08,2022
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန၊ နည်းပညာတက္ကသိုလ် (ဘားအံ)တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ဆဋ္ဌမနှစ် ပညာသင်ကြားပြီးဆုံး အောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား အင်ဂျင်နီယာဘွဲ့ ဘွဲ့နှင်း သဘင်အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီခွဲခန့်က အဆိုပါတက္ကသိုလ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။