ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်ဆွေးနွေးပွဲ (Talk Show) မြဝတီခရိုင်၌ ပြုလုပ်
May 07,2022
မေ(၈)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် အသိပညာပေး ဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံနက် ၁၀နာရီက ကရင်ပြည်နယ်၊ မြဝတီခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်း၍ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ကမ္ဘာ့ကြက်ခြေနီနေ့နှင့် သက်ဆိုင်သည့် သိကောင်းစရာများကို အွန်လိုင်းမှ တစ်ဆင့် ရိုက်ကူးထုတ်လွှင့်ပေးသည်။