ပြန်တမ်းဝင်အရာရှိအဆင့်စတင်ခန့်လစ်လပ်ရာထူး (၁၁၁၆) နေရာအတွက် ရေးဖြေစာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မကွေး မေ ၇

ပြည်ထောင်စုရာထူးဝန်အဖွဲ့က ကြော်ငြာစာအမှတ်၊၂/၂၀၂၂ ပါ ဝန်ကြီးဌာန (၁၄) ခုမှ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်လစ်လပ်ရာထူး (၁၁၁၆) နေရာအတွက် ရေးဖြေစာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ယမန်နေ့နံနက် (၁၁) နာရီအချိန်က မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရေးဖြေစာမေးပွဲ ကြီးကြပ်ရေး အဖွဲ့ ဥက္ကဋ္ဌ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်က အဖွင့်အမှာစကားပြောကြားရာ  ပြည်ထောင် စုရာထူးဝန်အဖွဲ့က ကြော်ငြာစာအမှတ်၊၂/၂၀၂၂ဖြင့် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း (၁၄)ခုမှ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့် လစ်လပ်ရာထူး (၁၁၁၆) နေရာအတွက် မကွေးတိုင်းဒေသကြီး စာစစ်ဌာနတွင် (၉၉)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း၊ ရေဖြေစာမေးပွဲအား မကွေးမြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင်  (၇.၅.၂၀၂၂) ရက်နေ့မှ (၈.၅.၂၀၂၂) ရက်နေ့ထိ ကျင်းပမည်ဖြစ်ရာ ဖြေဆိုသူများ မိမိဖြေဆိုရမည့် စာသင် ခန်း နေရာအား အလွယ်တကူသိရှိနိင်ရန် အတွက် ဖြေဆိုသူစာရင်းနှင့် ခုံအမှတ်အား ကြေညာ သင်ပုန်းတွင် ဖော်ပြထားရှိရန် လိုအပ်ကြောင်း၊ ရေးဖြေစာမေးပွဲဆိုင်ရာ မေးခွန်းများ၊ အဖြေ လွှာများနှင့် စာရွက်စာတမ်းများကို ပြည်ထောင်စု ရာထူးဝန်အဖွဲ့မှ ထုတ်ယူလက်ခံရန်နှင့် မြို့မရဲစခန်း၊ မြန်မာ့စီးပွားရေဘဏ် ငွေတိုက်တွင် စနစ်တကျအပ်နှံရေး ကြိုတင်အကြောင်း ကြားထားရန်လိုအပ်ကြောင်း၊ စာမေးပွဲကျင်းပမည့်နေရာတွင် လုံခြုံရေးထား ရှိရန်နှင့် ယာဉ်ကြောရှုပ်ထွေးမှု မရှိစေရေးအတွက် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ ထားရှိရန် လိုအပ် ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ တက်ရောက်လာကြသည့် တိုင်းဒေသကြီးအဆင့် ကော်မတီဝင်များက ပြန်တမ်းဝင်အရာရှိအဆင့်စတင်ခန့်လစ်လပ်ရာထူး (၁၁၁၆) နေရာအတွက် ရေးဖြေစာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် စာမေးပွဲခန်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေ အနေများ၊ ရေးဖြေစာမေးပွဲဆိုင်ရာ မေးခွန်းများ၊အဖြေလွှာများနှင့် စာရွက်စာတမ်းများကို  စနစ်တကျအပ်နှံနိုင်ရေး ကြိုတင်စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများအား အသီးသီး ရှင်းလင်းတင်ပြခဲ့ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရေးဖြေ စာမေးပွဲကြီးကြပ်ရေးအဖွဲ့ ဥက္ကဌ၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ကိုအောင်(ပြန်/ဆက်)