ကျောက်တံတား မေ ၇
၂၀၂၂ခုနှစ်၊ မေလ(၈)ရက်နေ့တွင် ကျရောက်မည့်ကမ္ဘာ့ကြက်ခြေနီနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ယနေ့မွန်းလွဲ(၂:၀၀)နာရီက ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အသိပညာပေးTalk Show ကျင်းပခဲ့သည်။
အဆိုပါ Talk Showတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်တံတား မြို့နယ် ဦးစီးမှူးဒေါ်ရွှေဇင်ခိုင်က Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မြို့နယ် ကြက်ခြေနီအသင်း၏ ဆောင်ရွက်မှုများကိုမေးမြန်းခဲ့ရာ မြို့နယ် ကြက်ခြေနီအသင်း ဥက္ကဋ္ဌဦးရွှေမောင်းက “ကြင်နာစိတ်ထားကြက်ခြေနီများ လူတိုင်းအပေါ် ကူညီသွား” ဆောင်ပုဒ်နှင့်အညီ ကြက်ခြေနီ အသင်း၏ အခြေခံမူများ၊ ကူညီဆောင်ရွက်နေမှု လုပ်ငန်းများနှင့် ကြက်ခြေနီအသင်းလှုပ်ရှားမှုများကို ပြန်လည်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ရွှေဇင်ခိုင် (ပြန်/ဆက်)