ပန်းတောင်းမြို့နယ်တွင် ယခင်ချေးငွေများ ပြန်လည်ပေးဆပ်ရေးနှင့် ချေးငွေသစ်များ ထုတ်ချေးပေးရေး ညှိနှိုင်းဆွေးနွေးပွဲအခမ်းအနား

ပန်းတောင်း မေ ၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မှယခင်ချေးငွေများ ပြန်လည် ပေးဆပ်ရေးနှင့် ချေးငွေသစ်များထုတ်ချေးပေးရေး ညှိနှိုင်းဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့ နံက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရုံးချုပ်) အထွေထွေမန်နေဂျာ ဦးအောင်ဇော်မိုးမှ ယခင်ချေးငွေများ ပြန်လည်ပေးဆပ်ရေးနှင့် ချေးငွေသစ်များ ထုတ်ချေးပေးရေးကို ရှင်းလင်းဆွေးနွေး၍ ပဲခူးတိုင်းဒေသကြီး မန်နေဂျာ ဦးကျော်သူရမှ ချေးငွေသစ်များ ထုတ်ချေးပေးနိုင်ရန်အတွက် အချိန်စေ့လွန်ချေး ငွေများ ပြန်လည်ပေးဆပ်ကြရန် ဆွေးနွေးကာ ပန်းတောင်းမြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သူရမှ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ အချိန်စေ့ကြွေး ကျန်များ ပြန်လည်ပေးဆပ်ရေးနှင့် ချေးငွေသစ်များ ထုတ်ချေးပေးရေးအတွက် ပူးပေါင်းပါဝင်ကြရန်ဆွေးခဲ့ကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာသော ကျေးရွာအုပ်စု ငွေစိစစ်ရေးအဖွဲ့ဝင်များနှင့် တောင်သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ အထွေထွေမန်နေဂျာ ဦးအောင်ဇော်မိုးမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ တတ်ရောက်သူဦးရေ ကျေးရွာအုပ်စုချေးငွေ စိစစ်ရေးအဖွဲ့နှင့် တောင်သူများစုစုပေါင်း(၁၀၅)ဦးတတ်ရောက်ခဲ့ကြောင်း သိရသည်။

သင်းသင်း အေး(ပြန်/ဆက်)