အိမ်မဲ မေ ၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အ.ထ.က(၂)ကျောင်း ပညာ့ဗိမာန်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲတွင် စီမံ၊ ဘဏ္ဍာ၊ သင်ကြား၊ စီမံကိန်း စာရင်းအင်း၊ အညွှန်းကိန်း ပညာရေး မူဝါဒလမ်းညွှန်ချက် ပညာရပ်များအား သင်တန်းတက်ရောက်ခဲ့သော သင်တန်းနည်းပြ (၅)ဦးတို့က အိမ်မဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၁၉၆)ကျောင်းနှင့် ဘုန်းတော်ကြီး ပညာသင်ကျောင်း (ဘက) ၄ ကျောင်း စုစုပေါင်း(၂၀၀)ကျောင်းမှ ကျောင်းအုပ်ဆရာ/မကြီး ၂၀၀ ဦးတို့အား နှစ်ရက်ကြာ ဆင့်ပွားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ)