ဟားခါး မေ ၇
ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ ဟားခါးတက္ကသိုလ်တွင် ၂၀၂၂ ခုနှစ်အတွင်း အသစ်ခန့်အပ်သည့် နည်းပြ ၊ သရုပ်ပြ အသစ်များအား ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးတက္ကသိုလ် ၊ သမိုင်းဌာန အဆောင် ( ၃ ) ခန်းမဆောင်၌ ကျင်းပသည်။
အခမ်းအနားတွင် ချင်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်၊ ဟားခါးတက္ကသိုလ် ဒုတိယပါမောက္ခချုပ်ဆရာကြီး ဒေါက်တာဇော်မင်းသိန်းနှင့် ဆရာ၊ ဆရာမများ တက်ရောက်ကြပြီး ဟားခါးတက္ကသိုလ် ဒုတိယပါမောက္ခချုပ်ဆရာကြီးက ကြိုဆိုစကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား ပြည်နယ်လူမှုရေးရာဝန်ကြီးက ကြိုဆို စကားနှင့် သြဝါဒ အမှာစကားပြောကြားသည်။
ထို့နောက် အသစ်ခန့်အပ်သည့် နည်းပြ၊ သရုပ်ပြများကိုယ်စား ဆရာမတစ်ဦးက ကျေးဇူးတင်စကား ပြောကြားရာ ဟားခါးတက္ကသိုလ် ဒုတိယပါမောက္ခချုပ်ဆရာကြီးက တိုးတက်တဲ့နိုင်ငံတော်ကြီး တည်ဆောက်ရာတွင် ပညာရေးသည် အဓိကအရေးကြီးကြောင်း၊ ဌာနဆိုင်ရာအသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသူ အားလုံးဟာ ဘွဲ့ရပညာတတ်တွေဖြစ်ကြသဖြင့် တက္ကသိုလ် နည်းပြ ဆရာ၊ ဆရာမများ၏ အခန်းကဏ္ဍဟာ လွန်စွာအရေးပါပါကြောင်း၊ ယနေ့အသစ်ခန့်အပ်ထားသည့် နည်းပြများနှင့် နည်းပြအားလုံးမှာချင်တာက လေ့လာသင်ယူပါ၊ ကိုယ့်ပြည်နယ်၊ ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံတိုးတက်အောင် ဘယ်လိုဆောင်ရွက်မယ်လဲဆိုတာ သုတေသနပြု ရှာဖွေလုပ်ဆောင် ကြရန်လိုကြောင်းဖြင့် နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)