ပွင့်ဖြူ မေ ၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ဆံရစ်ဝိုင်းရွာ ( ခေါ် ) ရေပုတ်ကြီးကျေရွာ အခြေခံပညာ အလယ်တန်းကျောင်းတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲနှင့် ဆုများ ပေးအပ်ချီးမြှင့်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
သင်တန်းကို ရေပုတ်ကြီးကျေးရွာ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တအရှင်ဝါယမက ဦးစီးဦးဆောင်ပြု၍ အုပ်ချုပ်ရေးမှူး ဦးလူဝင်းနှင့် ရပ်မိရပ်ဖများက မေတ္တာ၊ စေတနာထားကာ မိမိတို့၏ ကျေးရွာတွင်းရှိ သားငယ်၊ သမီးငယ်လေးများအား လိမ္မာယဉ်ကျေးပြီး အသိဉာဏ်ရှိသော လူတော်လူကောင်းလေးများ ဖြစ်လာစေရန် ရည်ရွယ်၍ ကျင်းပပေးရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ယဉ်ကျေးလိမ္မာသင်တန်တွင် ဆရာ၊ ဆရာမ ၁၂ဦးဖြင့် ကျောင်းသား၊ ကျောင်းသူ ၂၀၄ ဦးတို့အား ၂၀၂၂ ခုနှစ် မတ်လ ၂၆ ရက်နေ့မှ မေလ ၆ ရက်နေ့အထိ ၂ တိုင် သင်ကြားပို့ချ ပေးခဲ့ပြီး သင်တန်းဆင်း လက်မှတ်နှင့် ထူးချွန်သော ကျောင်းသား၊ကျောင်းသူလေးများအား ပထမ၊ ဒုတိယ၊ တတိယ စသော ထူချွန်ဆုများ ပေးအပ်ချီးမြှင့်ကာ သင်တန်းဆင်းပွဲကို အားကစားပွဲများ၊ အကအလှပဒေသာများဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပပေးခဲ့ကြောင်း ရေပုတ်ကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလူဝင်းထံမှ သိရသည်။
ဇေယျာထက်(မင်းဘူး)