သတင်းများ

ရှမ်းပြည်နယ် ဝန်ကြီးချုပ် နည်းပြသရုပ်ပြဆရာ၊ ဆရာမအသစ်များအား ကြိုဆိုပွဲတက်ရောက်
May 07,2022
ပညာရေးဝန်ကြီးဌာန၊ တောင်ကြီးတက္ကသိုလ်နည်းပြ၊ သရုပ်ပြ၊ ဆရာ၊ ဆရာမအသစ်များအား ကြိုဆိုခြင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီက တောင်ကြီးတက္ကသိုလ်ကျိုင်းတုံခန်းမ၌ကျင်းပသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်  တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးရာနှုန်းပြည့် ထိုးနှံပြီးစီးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ၃/၂၀၂၂တက်ရောက်
May 07,2022
စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပြီးစီးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၃/၂၀၂၂)ကို  ယမန်နေ့ နံနက် ၉ နာရီက တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ အဖွဲ့ဝင်များတက်ရောက်ကြပြီး မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဌများ တက်ရောက်ကြသည်။
ပင်းတယမြို့နယ်၌ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်
May 07,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ အခြေခံပညာ အထက်တန်းကျောင်း (ကြို/သက်) ပညာ့ရောင်ခြည်ခန်းမဆောင်၌ မြို့နယ်အတွင်းရှိ အခြခံပညာ ကျောင်းများမှ ကျောင်းအုပ်ကြီးများအား ၂၀၂၂-၂၀၂၃ ခုနှစ်ပညာသင်နှစ်အတွက် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းရည် မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတက္ကသိုလ်နည်းပြ၊ သရုပ်ပြဆရာ၊ ဆရာမ မောင်မယ် သစ်လွင်ကြိုဆိုပွဲ၊ ကမ္ဘာ့ကြက်ခြေနီနေ့ ကြိုဆိုဂုဏ်ပြုစုပေါင်းသွေးလှူဒါန်းပွဲနှင့် ဖိတ်ခေါ် ဘောလီဘောပြိုင်ပွဲအခမ်းအနားများသို့ တက်ရောက်
May 07,2022
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက် ၈ နာရီက မြစ်ကြီးနားတက္ကသိုလ်ခန်းမဆောင်၌ အသစ်ခန့်အပ်ထားသည့် နည်းပြ၊ သရုပ်ပြ ဆရာ၊ဆရာမမောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်အားပေးခဲ့ကြသည်။
ကမမောင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးအသိပညာပေး ( Talk Show)ဆွေးနွေးပွဲ ဆောင်ရွက်
May 07,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး အသိပညာပေး (Talk Show) ကို ယမန်နေ့‌နေလည်ပိုင်းအချိန်က  ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ Online မှတစ်ဆင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကလိန်အောင်မြို့ တိုက်နယ်ပြည်သူ့ဆေးရုံဝင်းအတွင်း လူထုအကျိုးပြု  စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
May 07,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ အမှတ်(၃)ရပ်ကွက်ရှိ တိုက်နယ် ပြည်သူ့ဆေးရုံဝင်းအတွင်း လူထုအကျိုးပြု စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်း အစီအစဉ် တစ်ရပ်ကို ယနေ့နံနက် ၈နာရီက စုပေါင်း၍ ဆောင်ရွက်ကြကြောင်း သိရသည်။
ရေနံချောင်းတက္ကသိုလ်၌ နည်းပြ၊ သရုပ်ပြ ဆရာ/ဆရာမ အသစ်များအား ကြိုဆိုပွဲအခမ်းအနား ကျင်းပ
May 07,2022
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန မကွေးတိုင်းဒေသကြီး ရေနံချောင်းတက္ကသိုလ်၌ နည်ပြ၊ သရုပ်ပြ ဆရာ၊ ဆရာမ အသစ်များအား ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါတက္ကသိုလ် ပတ္တမြားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းမြင့် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် ဖွင့်လှစ်ထားသော အခြေခံ စက်ချုပ်သင်တန်းအား ကြည့်ရှုအားပေး
May 07,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးဝင်းမြင့်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်(၉)နာရီခွဲက ကျေးလက်နေ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်အတွက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ဖွင့်လှစ်ထားသည့် အခြေခံစက်ချုပ်သင်တန်း သင်ကြားနေမှု အခြေနေများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။