သတင်းများ

တံတားဦးမြို့နယ်တွင် လေဘေးသင့် ပြည်သူများအား ကယ်ဆယ်ရေးထောက်ပံ့ငွေနှင့် ပစ္စည်များ ပေးအပ်
May 05,2022
ကျောက်ဆည်ရိုင်၊ တံတားဦးမြို့နယ်တွင် လေဘေးတိုက်ခတ်မှုကြောင့် အမိုးလန်သည့်အိမ်များ၊ ပြိုကျပျက်စီးသည့် အိမ်များအတွက် ကယ်ဆယ်ရေးထောက်ပံ့ငွေနှင့် ပစ္စည်းများအတွက် ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့မွန်းလွဲ(၂)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပကြောင်းသိရသည်။
ဟိုင်းကြီးကျွန်းမြို့တွင်  သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့ ပေးအပ်ပွဲနှင့် ကြဲပက်စိုက်ပျိုးပွဲ အခမ်းအနားပြုလုပ်
May 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် စိုက်ပျိုးရေးဦးစီး ဌာန၏ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးရာသီတွင် မြေဆီလွှာဖွံ့ဖြိုးတိုးတတ်စေရန်အတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)မျိုးစေ့ပေးအပ်ပွဲနှင့် ကြဲပက်စိုက်ပျိုးပွဲ ကွင်းတွင်းသရုပ်ပြပွဲ အခမ်းအနားကို ယနေ့နံနက်(၈)နာရီက  ကျောက်ချောင်းကျေးရွာအုပ်စု၊ ကျောက်ချောင်းကျေးရွာ တောင်သူ ဦးအောင်မြင့်၏ လယ်မြေတွင်  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မင်းလှမြို့၌ အမိုးလန်ပျက်စီးခဲ့သော နေအိမ်များမှ‌ လေဘေးသင့် ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်
May 05,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှကြောင့် အမိုးလန်ပျက်စီးခဲ့သော ထောက်ကြန့်ကျေးရွာအုပ်စုမှ ဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ထောက်ပံ့ ပေးအပ်ခဲ့သည်။
(၇၆) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် တက်ရောက်
May 05,2022
(၇၆) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက် (၈) နာရီတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်မီးသတ်စခန်း၌ ကျင်းပရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မီးသတ်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲမင်းသူနှင့် အရာရှိများ၊ အငြိမ်းစားမီးသတ်ဝန်ထမ်းများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မိသားစု စည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ အဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ စုစုပေါင်း (၂၂၀) ဦးတက်ရောက်ကြသည်။
ချပ်သင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၌ ဇီဝမျိုးစုံမျိုးကွဲများ ရှင်သန်ကျက်စားလျက်ရှိပြီး ငှက်များ ရာသီအလိုက် ရွှေ့ပြောင်းနေထိုင်ကျက်စားလျက်ရှိ
May 05,2022
မြန်မာနိုင်ငံသည် သဘာဝသယံဇာတအရင်းအမြစ်များနှင့် ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသည်နှင့်အညီ ယင်းတို့ရေရှည် တည်တံ့စေရန်နှင့် သဘာဝဂေဟစနစ်များ အမြဲရှင်သန်ကောင်းမွန်စေရန် မူဝါဒဥပဒေများ ပြဌာန်း၍ ထိန်းသိမ်းကာကွယ် လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူ မြို့နယ်နှင့် ကောလင်းမြို့နယ်ရှိ ချပ်သင်းတောရိုင်းတိရစ္ဆာန် ဘေးမဲ့တော သည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ချပ်သင်းတောရိုင်းတိရစ္ဆာန် ဘေးမဲ့တောသည် အင်တိုင်းတောဂေဟစနစ် အတွင်း ကျရောက်ရှင်သန်ကျက်စားလျက်ရှိသော ဌာနေငှက်မျိုးစိတ်များ ရာသီအလိုက် ပြောင်းရွှေ့ ကျက်စားတတ်သော ဆောင်းခိုငှက်မျိုးစိတ်များအပါအဝင် ဌာနေဇီဝမျိုးစုံမျိုကွဲများနှင့် မြန်မာ့ရွှေသမင်များကို အဓိကထိန်းသိမ်း ကာကွယ် လျက်ရှိသော သဘာဝထိန်းသိမ်းရေး နယ်မြေတစ်ခု ဖြစ်ကြောင်း သိရသည်။
(၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဓနုဖြူမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက လှိုင်ထိပ်ထားဗိမာန်တော်တွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
May 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အမှတ်(၂)ရပ်ကွက်ရှိ အစိုးရပါဠိပထမပြန် စာမေးပွဲ ကျင်းပပြုလုပ်မည့် လှိုင်ထိပ်ထားဗိမာန်တော်တွင် ယမန်နေ့၊ မွန်းလွဲ(၃)နာရီ အချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှ (၇၆)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြို ဆိုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ငွေကျပ် သိန်း(၁၅၀၀)ကျော်တန်ဖိုးရှိ လူနာယာဉ် (၁)စီးနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများ လှူဒါန်းမှုကို လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်
May 05,2022
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေါင်ဆန်းပြည်နယ်ခွဲ ပြည်သူ့အစိုးရ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဌာနမှ လှူဒါန်းသည့် မြန်မာငွေကျပ်သိန်း(၁၅၀၀)ကျော် (တရုတ်ယွမ်ငွေ ၅၁၅၃၆၀)တန်ဖိုးရှိ လူနာတင်ယာဉ်တစ်စီးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံးပစ္စည်းများ လှူဒါန်းပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်ခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ပြုလုပ်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်ပြီး ကျေးဇူးတင်ဂုဏ်ပြုစကား ပြောကြားသည်။
မင်းဘူးမြို့တွင် ကုလားပဲဈေး အရောင်းအဝယ်အေးနေ
May 05,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင် အခြားသီးနှံဈေးများ ဈေးအသင့်အတင့်ဖြင့် ရောင်းဝယ် နေကြသော်လည်း ကုလားပဲဈေး အေးနေကြောင်း အမှတ် ( ၃ ) ပွဲရုံပိုင်ရှင် ဦးတင်မောင်ဝင်းထံမှ သိရသည်။