သတင်းများ

လမ်းမတော်မြို့နယ် သန့်ရှင်းသာယာလှပရေးအတွက် လမ်းဘေးကျူး‌ကျော်ပျံကျဈေးဆိုင်ပစ္စည်းများ ရှင်းလင်းဆောင်ရွက်
May 06,2022
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရေး၊ မြို့တော်အင်္ဂါရပ်နှင့်အညီတင့်တယ်လှပစေရေးတို့အတွက်
ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးရန် ကျန်သူများအား ဆက်လက်ထိုးနှံ
May 06,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်​ဆေး ပထမအကြိမ်ထိုးရန် ကျန်သူများအား ဆက်လက်ထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက ဆေးထိုးစုရပ်(၃)နေရာ ဆက်လက်ထိုးနှံပေးခဲ့ရာ ဒေသခံ ပြည်သူ များ ကာကွယ်ဆေး လာရောက်ထိုးနှံခဲ့ကြောင်း ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
နောင်တရားမြို့၌ ပအိုဝ်းတိုင်းရင်းသားလူငယ်များ ပအိုဝ်းစာပေစာမေးပွဲကျင်းပ
May 06,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် ပေါ့အင်အုပ်စု ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ နောင်တရားမြို့ ပရိယတ္တိစာသင်တိုက် စာဖြေဌာန၌ ယမန်နေ့တွင် ပအိုဝ်းတိုင်းရင်းသားလူငယ်များအတွက် ပအိုဝ်း တိုင်းသားစာပေ စာမေးပွဲကျင်းပပြုလုပ်သည်။
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ထားဝယ်တက္ကသိုလ်တွင် အသစ်ခန့်အပ်ထားသော “နည်းပြ/သရုပ်ပြ ဆရာ၊ ဆရာမများ ကြိုဆိုပွဲအခမ်းအနား”သို့တက်ရောက်
May 06,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်တက္ကသိုလ်၊ ဘာသာရပ်အသီးသီးတွင် အသစ်ခန့်အပ် ထားသော“နည်းပြ/ သရုပ်ပြ ဆရာ၊ ဆရာမများ၏ ကြိုဆိုပွဲအခမ်း အနား”ကို ယနေ့နံနက် ၉ နာရီ က ထားဝယ်တက္ကသိုလ်(ပင်မဆောင်) ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့သည်။
ပုသိမ်တက္ကသိုလ်၌နည်းပြ သရုပ်ပြဆရာ ဆရာမသစ်များ ကြိုဆိုပွဲအခမ်းအနားကျင်းပ
May 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ပုသိမ်တက္ကသိုလ်၌ နည်းပြ သရုပ်ပြဆရာ၊ ဆရာမသစ်များအား ကြိုဆိုဆိုပွဲကို ယနေ့ နံနက် ၈ နာရီအချိန်ခန့်က အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ပြုလုပ်ခဲ့သည်။
ပေါက်ခေါင်းမြို့နယ်တွင် နို့တိုက်မိခင်နှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဒုတိယအကြိမ်ကို ကျေးရွာအ‌ရောက် ကွင်းဆင်းထိုးနှံပေး
May 06,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊‌ ပေါက်ခေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ရာနှုန်းပြည့်ထိုးနှံပြီးစီးရေးအတွက် မြို့နယ်ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှဦးဆောင်၍
နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာရေးဆရာ ဒေါက်တာမတင်ဝင်း၏ “အားပါတဲ့စေတနာစကားများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်
May 06,2022
စာအုပ်စာပေဝါသနာပါသူ (Club) အဖွဲ့ဝင်များစုစည်း၍ စာရေးဆရာ ဒေါက်တာမတင်ဝင်း၏ “အားပါတဲ့စေတနာစကားများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
မြန်အောင်၌ မိုးရွာသွန်းမှုကြောင့် လူနေအိမ်ပေါ်သို့ ကုက္ကိုလ်ပင်ပြိုလဲကျမှုဖြစ်ပွား
May 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့ အမှတ် (၁)ရပ်ကွက် မကျီးစုတာကြီးတန်းနေ ဦးမြင့်ဦး၏ (သွပ်မိုး၊ ထရံကာ၊ ဝါးခင်း) လူနေအိမ်ပေါ်သို့ ယမန်နေ့ည ၉ နာရီ ၃၀ အချိန်ခန့်က မိုးရွာသွန်းမှုကြောင့် ပင်စည်ဆွေး မြေ့နေသော ကုက္ကိုပင် ပြိုလဲမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။