(၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဓနုဖြူမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက လှိုင်ထိပ်ထားဗိမာန်တော်တွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ဓနုဖြူ မေ ၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အမှတ်(၂)ရပ်ကွက်ရှိ အစိုးရပါဠိပထမပြန် စာမေးပွဲ ကျင်းပပြုလုပ်မည့် လှိုင်ထိပ်ထားဗိမာန်တော်တွင် ယမန်နေ့၊ မွန်းလွဲ(၃)နာရီ အချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှ (၇၆)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြို ဆိုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့သည်။

သန့်ရှင်းရေးဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးနောင်နောင်နှင့် သန့်ရှင်းရေးအဖွဲ့ ဖြစ်သော သန္ဓေ/အရန်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များစုပေါင်း၍ သန့်ရှင်းရေးပြုလုပ်ခြင်း၊ တံမြက်စည်း လှဲခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အေးအေးအောင်(ပြန်/ဆက်)