မင်းဘူးမြို့တွင် ကုလားပဲဈေး အရောင်းအဝယ်အေးနေ

မင်းဘူး  မေ  ၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင် အခြားသီးနှံဈေးများ ဈေးအသင့်အတင့်ဖြင့် ရောင်းဝယ် နေကြသော်လည်း ကုလားပဲဈေး အေးနေကြောင်း အမှတ် ( ၃ ) ပွဲရုံပိုင်ရှင် ဦးတင်မောင်ဝင်းထံမှ သိရသည်။

ကုလားပဲကို ဧပြီလဆန်းပိုင်းက မင်းဘူးမြို့အနေနဲ့ တစ်နေ့လျှင် ကုလားပဲတင်ရေ ၉၀၀၀ ကျော် ၁၀၀၀၀ ဝန်းကျင်ကို ဈေး ၄၇၀၀၀/၄၈၀၀၀ နဲ့ဝင်ရောက်လျက်ရှိပြီး ယခုရက်ပိုင်းတွင် ကုလားပဲဈေး ၄၂၀၀၀ ဈေးဖြင့် တင်းရေ ၆၀၀/၇၀၀ သာရှိတဲ့အတွက် ကုလားပဲ ဝင်ရောက်မှုနှင့် ဈေးမှာ အေးနေသေးကြောင်း လည်း သိရသည်။

“ကျွန်တော်တို့ပွဲရုံက နှမ်းဖြူ၊ နှမ်းနက်၊ နေကြာ၊ ပဲစင်းငုံ၊ ပဲကြီး၊ ပဲနောက်၊ ပဲတီစိမ်း၊ ကုလားပဲ စသည်ဖြင့် သီးနှံအမျိုးမျိုး ဝယ်ယူလျက်ပြီး မင်းဘူးမြို့မှ ပဲခွဲစက်များနှင့် ပြည်မြို့နှင့် ရန်ကုန်မြို့များသို့ အများဆုံးရောင်းချရပြီး အခြားသီးနှံတွေထက် ကုလားပဲသီးနှံက ဈေးအေးနေပါတယ်’’ ဟု အမှတ် ( ၃ ) ပွဲရုံ ပိုင်ရှင် ဦးတင်မောင်ထွန်းက ပြောသည်။

ဇေယျာထက်(မင်းဘူး)