ဟိုင်းကြီးကျွန်း မေ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် စိုက်ပျိုးရေးဦးစီး ဌာန၏ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးရာသီတွင် မြေဆီလွှာဖွံ့ဖြိုးတိုးတတ်စေရန်အတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)မျိုးစေ့ပေးအပ်ပွဲနှင့် ကြဲပက်စိုက်ပျိုးပွဲ ကွင်းတွင်းသရုပ်ပြပွဲ အခမ်းအနားကို ယနေ့နံနက်(၈)နာရီက ကျောက်ချောင်းကျေးရွာအုပ်စု၊ ကျောက်ချောင်းကျေးရွာ တောင်သူ ဦးအောင်မြင့်၏ လယ်မြေတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဟိုင်းကြီးကျွန်းမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးဦးတင်ညိုမှ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ရခြင်းရည်ရွယ်ချက်နှင့် အသုံးပြုခြင်းဖြင့် ရရှိနိုင်မည့် အကျိုး ကျေးဇူးများအား ရှင်းလင်းပြောကြားပြီးနောက် (EM) ဘိုကာရှီ မြေသြဇာ ပြုလုပ်မှုအား သရုပ်ပြဆောင်ရွက်ခဲ့သည်။
ထို့နောက် ဟိုင်းကြီးကျွန်းမြို့၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှုးဦးတင်ညိုနှင့် ဌာနဆိုင်ရာ အကြီးအကဲများက ဒေသခံတောင်သူများကိုယ်စား တောင်သူ(၂၀)ဦးထံသို့ (ပိုက်ဆံလျော်) မျိုးစေ့ ပြည်(၁၂၀)အား ထောက်ပံ့ပေးအပ်ခဲ့ပြီး သစ်စိမ်း မြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့များကို တောင်သူ ဦးအောင်မြင့်၏ ကွင်းအမှတ်(၁၉၁၁)၊ ဦးပိုင်အမှတ် (၁၈/က)လယ်မြေ (၁၀)ဧကတွင် (၁)ဧကလျှင် (၄) ပြည်နှုန်းဖြင့် ပြည်(၄၀)အား စုပေါင်းကြဲပက်စိုက်ပျိုးပေးခဲ့ကြပြီး ကျန်ရှိ နေသော လုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ဟိုင်းကြီးကျွန်းမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးတင်ညိုနှင့် ဝန်ထမ်းများ၊ မြို့အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လှိုင်မျိုးအောင် (ဟိုင်းကြီးကျွန်း ပြန်/ဆက်)