သတင်းများ

မိုးနဲမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး လူထုလှုပ်ရှားမှု စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
May 06,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလူထုလှုပ်ရှားမှုစု‌ ပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၇ နာရီအချိန်က မြို့အဝင်/အထွက် စစ်ဆေးရေးဂိတ် နမ့်စန်-မိုးနဲ-မိုင်းတုံ-မိုင်းဆတ် ပြည်‌ ထောင်စုလမ်း‌မကြီးဘေးရှိ မောင်ခိုင်/မောင်နိုင် ဘုရား‌နေရာ၌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောင်းကုန်းမြို့တွင် ၂၀၂၁ ခုနှစ် စာအောင် သံဃာများအား စူဠဘွဲ့နှင်းသဘင်ကျင်းပ
May 06,2022
၂၀၂၁ ခုနှစ် အစိုးရပါဠိ ပထမပြန်စာမေးပွဲတွင် စာအောင်သံဃာတော်များ၊ သီလရှင်နှင့် လူပုဂ္ဂိုလ်တို့အား အောင်လက်မှတ်နှင့် လှူဖွယ်ဝတ္ထု ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အေးချမ်းသာယာခန်းမ၌ ယနေ့ နံနက် ၇ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
တောင်သာမြို့နယ်၌ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
May 06,2022
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၌ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းမျာကို ယနေ့ နံနက်(၉)နာရီ အချိန်က မင်းတည်းကျေးရွာသို့ သွားရောက်၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့်  မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့က တစ်ပတ်လျှင်(၄)ကြိမ် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပင်းတယမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကလေးများ ညဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပ
May 06,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဆင့်ရုံး(ပင်းတယ) လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် နွေရာသီကျောင်းပိတ်ရက် အားလပ်ရက်တွင် ကလေးများအတွက် ဉာဏ်ရည်မြှင့်မားစေရန် ရည်ရွယ်၍ ညဏ်စမ်းပဟေဠိပြိုင်ပွဲအား ယနေ့နံနက်(၁၀) နာရီက ကျင်းပပြုလုပ်ခဲ့သည်။
တံတားမြို့၊လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ် စွမ်းရည်ပြိုင်ပွဲ ပြုလုပ်ကျင်းပ
May 06,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (CommunityCentre) ခန်းမတွင် အလယ်တန်းအဆင့် ကျောင်းသား / ကျောင်းသူလေးများ၏ စာဖတ်စွမ်းရည် ပြိုင်ပွဲကို ယမန်နေ့ နံနက် (၁၀) နာရီ အချိန်က ပြုလုပ်ကျင်းပခဲ့သည်။
သဲကုန်းမြို့နယ်တွင် လေဘေးသင့်အိမ်ထောင်စု (၃) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးငွေများ ကျေးရွာအရောက် သွားရောက် ထောက်ပံ့ပေးအပ်
May 06,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ လေဘေးသင့် အိမ်ထောင်စု (၃) စုအား အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့က ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ပြည်ခရိုင်ရုံးမှ လေဘေးသင့် ပြည်သူများ၏ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မိုင်းယုမြို့၌ မူးယစ်ဆေးဝါးသုံးစွဲခြင်းနှင့် လူကုန်ကူးမှုဆိုင်ရာ အသိပညာပေး နံရံကပ် စာစောင်ပြသ
May 06,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် မူးယစ်ဆေးဝါးသုံးစွဲခြင်းနှင့် လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များပြသခြင်းကိုယနေ့နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့တွင် အများပြည်သူများ လေ့လာသိရှိနိုင်စေရန်အတွက် ပြသပေးထားခဲ့ကြသည်။
ကရသူရိမြို့တွင် ကိုဗစ်-၁၉‌ရောဂါကြိုတင်ကာကွယ်‌ရေး လိုက်လံအသိပေးနှိုးဆော်
May 06,2022
တနင်္သာရီတိုင်းဒေသကြီး၊  ကော့သောင်းခရိုင်၊ ကရသူရိမြို့တွင်  ပြည်သူများကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၉ နာရီက မြို့ပေါ် ရပ်ကွက်များတွင် လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။