မင်းလှမြို့၌ အမိုးလန်ပျက်စီးခဲ့သော နေအိမ်များမှ‌ လေဘေးသင့် ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်

မင်းလှ မေ ၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ  မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှကြောင့် အမိုးလန်ပျက်စီးခဲ့သော ထောက်ကြန့်ကျေးရွာအုပ်စုမှ ဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ထောက်ပံ့ ပေးအပ်ခဲ့သည်။

အဆိုပါ‌ ထောက်ပံ့ငွေများ ပြည်သူများ လက်ဝယ်အရောက်ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ် နှင့် မြို့နယ်‌ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနဦးစီးအရာရှိ ဒေါ်‌ကေသီမြင့်နှင့် တာဝန်ရှိသူများက ထောက်ကြန့်ကျေးရွာအုပ်စု၊ ဘန့်ဘွေးပင်ကျေး ရွာအတွင်းရှိ အမိုးလန်ပျက်စီး ဆုံးရှုံးခဲ့သော နေအိမ် (၂၁) လုံး၊ အိမ်ထောင်စု (၂၁) စုမှ လေဘေးသင့်လူဦးရေ (၇၁) ဦးအတွက်  အိမ်ဆောက်ပစ္စည်းဘိုး (၁၀၆၀၀၀ဝ) ကျပ်၊  ဆန်ရိက္ခာ (၇) ရက်စာဘိုး (၁၄၉၁၀ဝ) ကျပ်၊ စုစုပေါင်း (၁၂၀၉၁၀ဝ) ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပေါက်စ(မင်းလှ)