တံတားဦး မေ ၅
ကျောက်ဆည်ရိုင်၊ တံတားဦးမြို့နယ်တွင် လေဘေးတိုက်ခတ်မှုကြောင့် အမိုးလန်သည့်အိမ်များ၊ ပြိုကျပျက်စီးသည့် အိမ်များအတွက် ကယ်ဆယ်ရေးထောက်ပံ့ငွေနှင့် ပစ္စည်းများအတွက် ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့မွန်းလွဲ(၂)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပကြောင်းသိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးက အမှာစားပြောကြားပြီး မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အိဖြူဖြူနှင့်းက ပျက်စီးဆုံးရှုံးခဲ့ သည့်နေအိမ်များ ပြန်လည်ပြုပြင်နိုင်ရေး၊ လေဘေးသင့်ပြည်သူများ လတ်တလော စားဝတ်နေရေး ပြေလည်စေရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေး ရည်ရွယ်၍ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း၊ ဒါ့အပြင်လူတစ်ဦးလျှင် ဆန်ရိက္ခာဖိုး (၇) ရက်စာ အတွက် ငွေကျပ် (၂၁၀၀) နှုန်းဖြင့် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း ပြောကြားပြီး ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်များ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ကြသည်။
တံတားဦးမြို့နယ်တွင် ဧပြီလ (၂၈) ရက်နေ့တွင် လေပြင်းတိုတ်ခတ်မှုကြောင့် အမိုးလန်သည့် အိမ်(၉၆)အိမ် ၊ ပြိုကျပျက်စီးသည့်နေအိမ်(၇) လူဦးရေအားဖြင့် (၄၃၂)ဦး၊ ထောက်ပံ့ငွေ (၄၃၆၁၈၀၀) ကျပ်၊ ဧပြီလ (၂၉) ရက်နေ့တွင် အမိုးလန်သည့် အိမ်(၄၇)အိမ်၊ ပြိုကျပျက်စီးသည့်နေအိမ် (၂) အိမ်၊ လူဦးရေအားဖြင့် (၂၁၂) ဦး ၊ထောက်ပံ့ငွေ (၃၂၀၁၈၀၀) ကျပ်၊ ဧပြီလ (၃၀) ရက်နေ့တွင် အမိုးလန် သည့်အိမ် (၅၇) အိမ်၊ ပြိုကျပျက်စီးသည့်နေအိမ် (၄) လူဦးရေအားဖြင့် (၂၆၁) ဦး၊ ထောက်ပံ့ငွေ (၄၀၂၅၅၀၀) ကျပ်၊ အမိုးလန်သည့်နေအိမ် စုစုပေါင်း (၂၀၀) အိမ်၊ ပြိုကျပျက်စီးသည့် နေအိမ်စုစုပေါင်း (၁၃) အိမ်၊ လူဦးရေအားဖြင့် စုစုပေါင်း (၉၀၅) ဦးဖြစ်ပြီး ထောက်ပံ့ငွေစုစုပေါင်း (၁၁၅၈၉၁၀၀) ကျပ်နှင့် ပြိုကျပျက်စီးသည့် နေအိမ်များအတွက် တစ်အိမ်ထောင်လျှင် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး ပုံးတစ်ပုံးတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ထောက်ပံ့ပေးအပ်ကြကြောင်း သိရသည်။
ရဲတင့်