ဒဂုံတောင် မေ ၅
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ မြို့နယ်ကျက်သရေဆောင် အောင်ဗောဓိဆုတောင်းပြည့် စေတီတော်ကြီးတွင်တွင် ယနေ့နံနက် (၁၀:၃၀)အချိန်က စတင်၍ ဘုရားဝန်းအတွင်း သန့်ရှင်းသာယာလှပစေရေးနှင့် သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ ဘုရားဖူး လာရောက်ဖူးမြော်ကြသည့် မိဘပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်ဖူးမြော်နိုင်စေရန်နှင့် စေတီတော်ကြီး သန့်ရှင်းသာယာ၍ ကြည်ညိုသဒ္ဒါပွားများ ကြစေရန် ယခုလိုသစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ သန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ခြင်းကို မြို့နယ်စည်ပင်သာယာရေး ကော်မတီက ဦးဆောင်၍ အမှိုက်သိမ်း ယာဉ်(၂)စီးဖြင့် သိမ်းဆည်း၍ ရှင်းလင်း ဆောင်ရွက်ခဲ့ကြပြီး မြို့နယ်အတွင်းရှိ အခြားသော စေတီ၊ ပုထိုးများနှင့် အများပြည်သူ စိတ်အပန်းပြေစေမည့် နေရာများတွင်လည်း ဆက်လက်ပြုလုပ် ဆောင်ရွက်သွားဦးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သက်မင်းဟန်(ဒဂုံတောင်)