ရေတာရှည် မေ ၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ရေတာရှည်မြို့နယ်၌ မေလ ၃ ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်း၍လေပြင်းတိုက်ခတ်မှုကြောင့် မိချောင်းအိုင်ကျေးရွာ အုပ်စုအတွင်း အမိုးလန် ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် လေဘေးသင့်ပြည်သူများအတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ရေတာရှည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့သည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းက လေဘေးသင့် ပြည်သူများအား နွေးထွေးစွာတွေ့ဆုံအားပေးစကားပြောကြားခဲ့ပြီး မိုးသည်း ထန်စွာ ရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန် ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် မိချောင်း အိုင်ကျေးရွာ အုပ်စုရှိ ပင့်သီလာကျေးရွာ ဘုန်းကြီးကျောင်း၊ သစ်ချဆိပ်ကျေးရွာမှ အမိုးလန်ပျက်စီးခဲ့သည့် နေအိမ်(၄)အိမ်နှင့် ရှမ်းရွာမှ ထရံကွာ ပျက်စီးသည့်နေအိမ်(၁)အိမ် အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၁၀၀၀၀)ကျပ်နှင့် ဆန်ရိက္ခါဖိုးထောက်ပံ့ငွေ(၅၀၄၀၀)ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
မြို့နယ်