ကျောက်ကြီး မေ ၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် မဲဆန္ဒရှင်စာရင်းမှန်ကန်ရေး အခြေခံလူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးမှုလုပ်ငန်းအား မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ယနေ့နံနက်ပိုင်းတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံမှုဖြင့် မြို့နယ် အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးများ ပူးပေါင်းပါဝင်သော အဖွဲ့(၁၃) ဖွဲ့ဖြင့် လူဦးရေစာရင်းပြုစုခြင်း ရှေ့ပြေးလုပ်ငန်းစီမံချက် ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။
ကျောက်ကြီးမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်စာရင်းမှန်ကန်ရေး အခြေခံလူဦးရေစာရင်း တိုက်ဆိုင် စစ်ဆေးမှု လုပ်ငန်းကို ဧပြီလ(၄)နေ့က စတင်ဆောင်ရွက်လျှက်ရှိပြီး၊ ယနေ့အထိ ရပ်ကွက် ကျေးရွာအုပ်စု (၂၁)စု ရှိ အခြေခံ လူဦးရေစာရင်းနှင့် မြေပြင်စာရင်း တိုက်ဆိုင်စစ်ဆေး စာရင်းသွင်းနိုင်ခဲ့ပြီး၊ လက်ရှိ ရပ်ကွက်ကျေးရွာအုပ်စု (၁၈)စုအား အခြေခံ လူဦးရေစာရင်းနှင့် မြေပြင်စာရင်းတိုက်ဆိုင်စစ်ဆေးစာရင်းသွင်းဆောင်ရွက်လျက်ရှိကြောင်း၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၏ စာရင်းအရ ကျောက်ကြီးမြို့နယ်တွင် ဆန္ဒမဲပေးပိုင်းခွင့်ရှိသူ လူဦးရေ (၁၁၃၈၂၃)ဦး ရှိပြီး၊ ယနေ့အချိန်အထိ လူဦးရေ (၈၀၆၀၄)ဦး အထိ အခြေခံ လူဦးရေစာရင်းနှင့် မြေပြင်စာရင်း တိုက်ဆိုင်စစ်ဆေးစာရင်းသွင်း ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ကျန်ရှိ မြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ အခြေခံလူဦးရေစာရင်းများ အလျှင်အမြန် အကောင် အထည်ဖော်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး ဦးစီးအရာရှိ ဦးသော်ကအောင် ပြောကြားချက်အရသိရသည်။
ကျောက်ကြီးမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက် (၇)ရပ် ကွက်/ကျေးရွာအုပ်စု (၃၄)အုပ်စုရှိပြီး၊ အခြေခံမဲဆန္ဒရှင်စာရင်းတွေ မှန်ကန်ရေး မြေပြင်လူဦးရေ စာရင်းနဲ့ တိုက်ဆိုင်စစ်ဆေးတဲ့ လုပ်ငန်းကို ရှေ့ပြေးလုပ်ငန်းစီမံချက်အနေနဲ့ မေလကုန်တွင် အပြီးဆောင်ရွက်နိုင်ရေး ကြိုးစား ဆောင်ရွက်လျှက်ရှိကြောင်း မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှသိရသည်။
မြို့နယ်ပြန်/ဆက်