ပင်လောင်း မေ ၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် မြို့နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်ပြုလုပ်သည့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက ဈေးတန်းရပ်ကွက်တွင် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။
ရှေးဦးစွာ ဈေးတန်းရပ်ကွက်ဓမ္မာရုံ၌ ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာ တွင် မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခင်သိန်းထွေးက သွေးလွန်တုပ်ကွေးရောဂါအကြောင်းနှင့် ကာကွယ်နှိမ်နင်းရေးနည်းလမ်းများကို ရှင်းလင်းပြောကြား ခဲ့ကြောင်း၊ ထို့နောက် ရပ်ကွက်အတွင်းရှိ ရေမြောင်းနှင့်ချုံနွယ်များ ရှင်းလင်းခြင်း၊ နေအိမ်များရှိ ရေတွင်း၊ ရေလှောင်ကန်များတွင် ပိုးလောက်လန်းများ၊ ခြင်များ ပေါက်ပွားမှုမရှိစေရေးအတွက် အဘိတ်ဆေးခပ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်း များ ဆောင်ရွက်ခဲ့သည်။
အဆိုပါလုပ်ငန်းများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်ဇော်ထက်နှင့်ဌာနဆိုင်ရာများ၊ မြို့နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အဖြူရောင်လူငယ် လူမှုကူညီရေးအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်ပြည်သူများက ပူးပေါင်းဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
ခွန်အာကာစိုး