တပ်ကုန်း မေ ၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော၂၀၂၂ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲကျင်းပပေးလျက်ရှိရာ စာမေးပွဲတွင် ပါဝင်သည့်ကြီးကြပ်ဆရာတော်ကြီးများနှင့်စာဖြေ သံဃာ/သီလရှင်များကို တပ်ကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်တို့က ကြီးကြပ်ပြီး ဘုရင့်နောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်စေတနာရှင်ပြည်သူများ စုပေါင်း၍ ယနေ့ရက် နံနက်ပိုင်းက မြို့နယ်ဗုဒ္ဓသာသနာပြု ဗိမာန်တော်ကြီးတွင် နေ့ဆွမ်း၊ဘောဇဉ်များ ဆက်ကပ်လှူဒါန်းခဲ့သည်။
တပ်ကုန်းမြို့နယ်တွင် ၂၀၂၂ခုနှစ်၊အစိုးရဓမ္မာစရိယစာမေးပွဲ (ဓမ္မသင်္ဂဏီ-၁)ဘာသာရပ်တွင် စာရင်းရှိ စာဖြေ ရဟန်း၊ သာမဏေ၊ သီလရှင်ပေါင်း(၂၁၁)ပါး၊ ဝင်ရောက်ဖြေဆို ရဟန်း၊ သာမဏေ၊ သီလရှင်ပေါင်း(၁၆၆)ပါး၊ ပျက်ကွက်ရဟန်း၊ သာမဏေ၊ သီလရှင်ပေါင်း(၄၅)ပါး၊ ဖြေဆိုသည့် ရာခိုင်နှုန်း(၇၈.၆)ဖြစ်ပြီး၊ အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲတို့တွင် မြို့နယ် စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ မြို့မ(၆)ရပ်ကွက်မှ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် အလှူရှင်များက ရက်အလိုက် ဆွမ်း၊ ဘောဇဉ်နှင့်အအေးများ ဆက်ကပ်လှူဒါန်း သွားမည်ဖြစ်ကြောင်း သိရသည်။
တင်စိုးလွင်