ညောင်တုန်းမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ တွေ့ဆုံဆွေးနွေး

ညောင်တုန်း  မေ  ၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးက တိုင်းဒေသကြီးအစိုးရအဖွဲ့၏ မူဝါဒများ၊ လမ်းညွှန်ချက်များအား ဆွေးနွေး၍ ရုံးလုပ်ငန်းဆိုင်ရာများ၊ မြို့အတွင်းနှင့် ရန်ကုန်-ပုသိမ်ကား တစ်လျှောက် သန့်ရှင်းသာယာလှပရေး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေး၊ လုံခြုံရေးကိစ္စရပ်များနှင့် ဌာနအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းများကို မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများအား ဆွေးနွေးမှာကြားခဲ့သည်။

ထို့နောက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ e-ID စနစ်၊ Excel Format ဖြင့် နိုင်-၄ မှတ်တမ်းများ စီစစ်ဖြည့်သွင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထက်ဝေဖြိုး(ပြန်/ဆက်)