လက်ပံတန်း မေ ၅
ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ် စိုက်ပျိူးရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးရာသီ မြေဆီလွှာဖွံ့ဖြိုး တိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ကြဲပက်ပွဲကို ယနေ့ နံနက်ပိုင်းက ကြို့ပင်စခန်း ကျေးရွာအုပ်စု စက်မှုလယ်ယာစနစ်တကျ ဖော်ထုတ် ထားသည့် (၁၂၃) ဧက ကွင်းတွင် ကျင်းပခဲ့သည်။
လက်ပံတန်း မြို့နယ်၌ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ၁၅၀ ဧက စိုက်ပျိုးရန်လျာထားပြီး၊ ကြို့ပင်စခန်းအုပ်စု ကွင်းအမှတ် (၁၁၇၈) မှ တောင်သူ (၂၀) ဦး၏ ဧက (၁၀၀) တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဉာဏ်မြင့်နှင့် ဝန်ထမ်းများက သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့များကို သရုပ်ပြကြဲပက် ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ကြို့ပင်စခန်း ကျေးရွာအုပ်စု စက်မှုလယ်ယာစနစ်တကျ ဖော်ထုတ် ထားသည့် (၁၂၃) ဧက ကွင်းအတွင်း ရေရရှိမှု၊ ရေသွားရေလာ ကောင်းမွန်ရေးတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)