စဉ့်ကူး မေ ၅
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်နေ့ အခါသမယတွင် စဉ့်ကူးမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းတိုက်များမှ သံဃာတော်များအား ဆွမ်း၊ ဆွမ်းဟင်း၊ လှူဘွယ်ဝတ္ထုများနှင့် နဝကမ္မအလှူငွေများ ဆပ်ကပ်လှူဒါန်းနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက စဉ့်ကူးမြို့ အမှတ် (၂)ရပ်ကွက်ရှိ သာသနာ့ဗိမာန်တွင် ကျင်းပခဲ့သည်။
လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်က ကဆုန်လပြည့်နေ့ အခါသမယတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် မြို့နယ်များအလိုက် သံဃာတော်များအား ဆွမ်းနှင့်လှူဖွယ်ဝတ္ထုများ ဆပ်ကပ်လှူဒါန်းသွားမည့် အစီအစဉ်များ၊ စဉ့်ကူးမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းတိုက် အသီးသီးမှ သံဃာတော်များအား ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ဝတ္ထုများနှင့် နဝကမ္မအလှူငွေများ လှူဒါန်းနိုင်ရန် ဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းပြောကြားရာ တက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြသည်။
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်ကဆုန်လပြည့်နေ့တွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့်ခရိုင်၊ မြို့နယ်အားလုံးတွင် ဆရာတော်သံဃာတော်များအား ဆွမ်း၊ ဆွမ်းဟင်း၊ လှူဘွယ်ဝတ္ထုများနှင့် နဝကမ္မအလှူငွေများ လှူဒါန်းနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တင်ဇာလွင်(ပြန်/ဆက်)