သတင်းများ

ကာလိမြို့၊ အမှတ်(၁၅၁) ခြေလျင်တပ်ရင်း၌ ‌နွေရာသီ‌ကျောင်းပိတ်ချိန်တွင် ကျောင်းသား/သူများအား  ‌လူငယ်ရေးရာအသိပညာပေး  ဟောပြောပွဲကျင်းပ
May 05,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့ ပြန်ကြား‌ရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများတို့က  ယနေ့ နံနက် (၉)နာရီအချိန်ခန့်တွင် အမှတ်(၁၅၁)ခြေလျင်တပ်ရင်း၌ ကျောင်းသား/သူများအား  ‌လူငယ်ရေးရာ အသိ ပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှည်းကူးမြို့နယ်လူထုအခြေပြု ဗဟိုဌာန ( Community Centre)ခန်းမတွင် ကာယ၊ ဉာဏ ဖွံ့ဖြိုးစေမည့် ပြိုင်ပွဲများ ကျင်းပပေး
May 05,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေး တိုးတက် မြင့်မားလာစေရန် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ ကာယ၊ ဉာဏဖွံ့ဖြိုးစေမည့် ပြိုင်ပွဲများကို ယနေ့နံနက်(၉)က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဆောင်ရွက်ကြောင်း သိရသည်။
တိုက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာများ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ကွင်းဆင်း ထိုးနှံပေး
May 05,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာနေ ပြည်သူများအား၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ရေးနှင့် အိုမီခရွန်ကူးစက်မှုမှ ကြိုတင် ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို တာဝန်ရှိသူများက ကွင်းဆင်း ထိုးနှံပေးလျက်ရှိသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် စောသန်းလှိုင် (၇၆) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားသို့တက်ရောက်
May 05,2022
(၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကိုယနေ့နံနက် ၇ နာရီက တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်မြို့၊ တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနရုံး၌ ကျင်းပရာ ရှေးဦးစွာ သန္ဓေနှင့် အရန် မီးသတ်တပ်ဖွဲ့ဝင်များက နိုင်ငံတော်အလံအား အလေးပြုခဲ့ကြပြီး ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများနှင့် တပ်ဖွဲ့ဝင်များ အားအလေးပြုကာ မီးသတ်တပ်ဖွဲ့သစ္စာအဓိဌာန် (၄) ချက် ရွတ် ဆိုခဲ့ကြသည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များသည် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) စုပေါင်းကြဲပက်ခြင်းနှင့် မျိုးစေ့များထောက်ပံ့ ပေးအပ်
May 05,2022
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များသည် ယမန်နေ့ ၁ နာရီခွဲ အချိန်ခန့်က ညောင်တုန်းမြို့မှ ပန်းတနော်မြို့နယ်သို့ရောက်ရှိပြီး ဘဝိုင်းအုပ်စု စာဖြူစု ကျေးရွာ ရန်ကုန်-ပုသိမ် ကားလမ်းဘေးရှိ တောင်သူ ဒေါ်ရင်ရင်ဌေးနှင့် တောင်သူနှစ်ဦး ပိုင်ဆိုင်သည့် လယ်ယာမြေဧက ၁၀ ဧကတွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) စု​ပေါင်း ကြဲပက်​၍ မျိုးစေ့များအား​ တောင်သူများထံ​ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
နာဂဒေသ ပန်ဆောင်မြို့တွင် မေလအတွက် ပုံမှန်ကာကွယ်ဆေးထိုးနှံပေး
May 05,2022
စစ်ကိုင်းတိုင်းဒသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆောင်မြို့၌ ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ယမန်နေ့က ပန်ဆောင်မြို့ ဒေသန္တရဆေးပေးခန်းတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မိုင်းရှူးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထပ်ဆောင်း(Booster Dose)ထိုးနှံပေး          
May 05,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူး မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်း များနှင့် ပြည်သူလူထုများအား ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထပ်ဆောင်း(Booster Dose) ထိုးနှံခြင်းကို ယနေ့ နံနက်(၉)နာရီမှ မိုင်းရှူး မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးဌာနတွင် ထိုးနှံပေးလျက်ရှိသည်။
လှည်းကူးမြို့နယ်၊ ဂွေးတောက်အိုင် ကျေးရွာအုပ်စုတွင် ရာအိမ်စုအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး
May 05,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ ဂွေးတောက်အိုင်ကျေးရွာ အုပ်စုတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်နှင့် အိုမီခရွန်ဗိုင်းရပ် ကူးစက်မှုမှ ကာကွယ်နိုင်ရန် ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက် (၁၅) နှစ်မှ (၁၈) နှစ်အတွင်း ပြည်သူများ၊ အသက်(၁၈) နှစ်နှင့်အထက် ပြည်သူများ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို