မိုင်းဆတ် မေ ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် မြို့နယ်အဆင့် စီမံကိန်းရေးဆွဲ အကောင် အထည်ဖော်ရေးကော်မတီမှ စီမံကိန်းတာဝန်ပေးအပ်ပွဲအခမ်းအနားကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မေလ(၅)ရက်နေ့နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်က နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးမှာ စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးဆွဲရေးသည် အဓိကဖြစ်ကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် ရန်ပုံငွေရရှိမှုနှင့် သုံးစွဲမှုများရှိက အချိန်မီပေးပို့နိုင်ရန်လိုကြောင်း၊ လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်ရာမှာ ယခင်အားနည်းချက်၊ အားသာချက်များနှင့် နှိုင်းယှဉ်၍ အချိန်မီပြီးစီးရန် လိုအပ်ကြောင်း၊ အမှာစကားပြောကြားပြီး မြို့နယ်စီမံကိန်းဦးစီးမှူး ဒေါ်နန်းမြဦးဆာက ဒေသန္တရစီမံကိန်းအတွက် ကဏ္ဍအလိုက်ရရှိသည့် ရန်ပုံငွေနှင့် လုပ်ငန်းစီမံကိန်းတို့ကို ရှင်းလင်း တင်ပြခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်က လယ်ယာကဏ္ဍ၊ သားငါး ကဏ္ဍစီမံကိန်း တာဝန်အား မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးမှူး ဦးမင်းဇော်အားလည်းကောင်း၊ လယ်ယာစိုက်ပျိုးရေးစီမံကိန်းတာဝန်အား မြို့နယ် စိုက်ပျိုးရေး ဦးစီးမှူး အားလည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးမြင့်က ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများကို လမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကြင်မောင်စန်း အားလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစိုင်းမွန်းဆေသောင်းနှင့် မြို့နယ် စီမံကိန်းဦးစီးမှူး ဒေါ်နန်းမြဦးဆာတို့က သက်ဆိုင်ရာတာဝန်ရှိသူတို့အား စီမံကိန်း လုပ်ငန်းတာဝန်များကို ပေးအပ်ခဲ့ကြောင်း သိရသည်။
မြင့်မောင်(မိုင်းဆတ်)