အင်တောမြို့၌ လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်

အင်တော မေ ၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ အင်တောမြို့တွင် ဧပြီလ၁၁ ရက်နေ့က မိုးသည်း ထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ အမိုးလန်ပျက်စီးဆုံးရှုံးသွားသော ပြည်သူများအား ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့ မွန်းတည့် ၁၂နာရီက  တာဝန်ရှိသူများ ကွင်းဆင်း၍ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါထောက်ပံ့ငွေပေးအပ်ခြင်းကို  မြို့အုပ်ချုပ်ရေးမှူး ဦးစိန်လှိုင်တင့်၊ ဌာနဆိုင်ရာ တာဝန်ရှိသူ များနှင့် ရပ်ကွက်၊ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက ရပ်ကွက်၊ ကျေးရွာများသို့ အရောက် ကွင်းဆင်း၍ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှထောက်ပံ့သည့် အင်တောမြို့ ရပ်ကွက်/ကျေးရွာ အုပ်စုအတွင်းရှိ အိမ်ထောင်စု (၇)စု နှင့်ဘုန်းကြီးကျောင်းတစ်ကျောင်းအတွက် ထောက်ပံ့ငွေ ကျပ်ငွေ (၇၁၁၀၀၀) တို့ကို  လေဘေးသင့်အိမ်ထောင်စုများထံသို့ လက်ဝယ် အရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်ခိုင်(ပြန်/ဆက်)