ဆင်ပေါင်ဝဲ မေ ၅
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့က မြို့နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံခဲ့ ကြောင်း သိရှိရသည်။
ထို့သို့တွေ့ဆုံရာတွင် မြို့နယ်အသင်းအဖွဲ့မှတ်ပုံတင်ရေးဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးမှ"အသင်းအဖွဲ့များအနေဖြင့် အသင်းအဖွဲ့ ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ရေး၊ အသင်းအဖွဲ့များအချင်းချင်းလက်တွဲ ပူးပေါင်းဆောင်ရွက်ရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်" စသည်ဖြင့်တွေ့ဆုံ၍ မှာကြားခဲ့သည်။
ထို့နောက် တွေ့ဆုံပွဲသို့တက်ရောက်လာသော အသက်းအဖွဲ့များမှ လုပ်ငန်းဆောင်ရွက်မှုအခြေ အနေများနှင့်အခက်အခဲများကို အပြန်အလှန် ဆွေးနွေးခဲ့ကြရာ မြို့နယ်အသင်းအဖွဲ့ မှတ်ပုံတင် ရေးဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးမှ ပြန်လည်ဖြေရှင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
နိုင်လင်း(ပြန်/ဆက်)