ဟိုပင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့်ပုံပြင်‌ ပြောပြိုင်ပွဲကျင်းပပြုလုပ်

ဟိုပင် မေ ၅

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန( Community Centre)ခန်းမ၌  ကလေးများအား အသိပညာပညာ ဗဟုသုတတိုးပွါးစေရန်၊ တီထွင်ကြံဆတတ်စေရန်၊ အရောင်များကိုရွေးချယ်တတ်စေရန်၊ စိတ်ပျော်ရွှင်စေရန် ရည်ရွယ်၍ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့်ပုံပြင်‌‌ပြောပြိုင်ပွဲကို ယနေ့ နံနက်(၁၀) နာရီက ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ပြိင်ပွဲတွင် မြဇေယျာရပ်ကွက်အတွင်းရှိ စာဖတ်ပရိတ်သတ် ကလေးငယ် (၂၀)ဦး တို့ကလာရောက် ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသော ကလေးများအား ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးဒေါ်လင်းသွယ်သွယ်ဦးနှင့် စာပေချစ်မြတ်နိုးသူ အသင်းဝင် များက ဆုများချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။

လင်းသွယ်ဦး( ပြန်/ဆက်)