ကလေး မေ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် စက်မှုထမ်းဟောင်းအဖွဲ့များကို ဆန်၊ ဆီ၊ စား၊ ပဲ အမယ်(၄)မျိုးနှင့် စားသောက် ဖွယ်ရာများထောက်ပံ့ပေးအပ်ပွဲအခမ်းနားကို ယမန်နေ့က ဒေသကွက်ကဲမှု စစ်ဌာနချုပ်(ကလေး) အောင်ဆန်းခန်းမ၌ တပ်မတော်နှင့် အလှူရှင် များမှ ထောက်ပံ့ လှူဒါန်းမှုများကို ပေးအပ်ခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားသို့ ကလေးဒေသခံတပ်ရင်းတပ်ဖွဲ့များမှ တာဝန်ရှိသူများ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြရာ ဒေသကွက်ကဲရေးမှူး ဗိုလ်မှူးချုပ် သန့်ဇင်ဦးနှင့် တာဝန်ရှိသူများမှ ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကြပြီး စားသောက်ရေး အခက်ခဲ မရှိစေရန်အတွက် ဆန်၊ ဆီ၊ စား၊ ပဲ အမယ်(၄)မျိုးနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ကလေးခရိုင်(ပြန်/ဆက်)