ပဲခူးတိုင်းဒေသကြီး (အရှေ့)ဒိုက်ဦးမြို့နယ် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ဒိုက်ဦး မေ ၅

ပဲခူးတိုင်းဒေသကြီး(အရှေ့)ဒိုက်ဦးမြို့နယ် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က အမှတ် ၁ အခြေခံပညာအထက်တန်း ကျောင်းအောင်ရတနာခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ပညာရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်က အဖွင့်အမှာစကား ပြောကြားပါသည်။

ထို့နောက်မြို့နယ်ပညာရေးမှူး ဒေါ်နော်ခရီဆဲလ်ဒါက ဦးဆောင်သူများ၏ စွမ်းဆောင်ရည် မြှင့်တင်ပေးရန်၊ စီမံခန့်ခွဲမှုကို စနစ်တကျ ဆောင်ရွက်တက်စေရန် ရည်ရည်၍ အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ပါကြောင်း ဆရာ/ဆရာမများအနေဖြင့် စီမံ၊ ဘဏ္ဍာ၊ ပညာ၊ ကြီးကြပ်ပညာရပ်များ သိရှိတတ်ကျွမ်းနားလည်နေရမည်ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို မေလ ၅ ရက်မှ ၆ ရက်နေ့အထိ ၂ ရက်ကျင်းပသွားမည်ဖြစ်ကာ ဒိုက်ဦးမြို့နယ်အတွင်းရှိ ထက်/လယ်/မူကျောင်း ၁၇၇ ကျောင်းမှအထက်တန်း၊ အလယ်တန်း၊ မူလတန်းနှင့် အုပ်စုမှူးကျောင်းအုပ်ကြီးများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)