သပိတ်ကျင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါမျိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းများ နှိုးဆော်ဆောင်ရွက်

သပိတ်ကျင်း မေ ၅

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပေးချက်များကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ရပ်ကွက်များသို့သွားရောက်၍ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အသိပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန် ကူးစက်ပျံ့နှံ့မှု ရှိနေပြီဖြစ်ရာ အိုမီခရွန် မျိုးကွဲသစ်သည် မူလ ကို ဗစ်-၁၉ ရောဂါနှင့်မတူတော့ခြင်း၊ ယခင် ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားဖူးသူများလည်း ထပ်မံဖြစ်ပွားနှိုင်ခြင်း၊ ရောဂါကူးစက်မှုပိုမိုမြန်ဆန်ခြင်းတို့ကြောင့် မျိုးကွဲသစ် အိုမီခရွန်ကို ဆက်လက်တားဆီးနှိုင်ရေး သတိပြုကြရမည်ဖြစ်သော်လည်း ကြောက်စရာမဟုတ်ပါ ကြောင်း၊ မိဘပြည်သူများအနေဖြင့် လူစုလူဝေးရှောင်ခြင်း၊ မလိုအပ်ဘဲ အပြင်သို့သွားလာခြင်းမပြုဘဲ မဖြစ်မနေ အိမ်ပြင်သို့ထွက်ခွာပါက တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ခြင်း၊ လက်ကို မကြာခဏ ဆေးကြောခြင်း၊ ရောဂါကူးစက်ခံရပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်၍ ဆေးကုသမှုခံယူရန်၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်များကို အစဉ်လိုက်နာပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို သတ်မှတ်ချက်များနှင့်အညီ အပြည့်အဝ ထိုးနှံကြရန်တို့ကို ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။

စိုးနိုင်ဝင်း (သပိတ်ကျင်း)