ကော့ကရိတ်မြို့ လူထုအခြေပြုဗဟိုဌာန၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး အသိ ပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်

​​ကော့ကရိတ်မေ

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အများ ပြည်သူများအား အထွေထွေဗဟုသုတများ ရရှိတိုးပွားလာစေရေးအတွက် အသိပညာပေးခြင်း လုပ်ငန်းများကိုစဉ်ဆက်မပြတ် ဆောင်ရွက်​ပေးလျက်ရှိရာ ယမန်နေ့ညနေ ၂ နာရီအချိန်က ခရိုင် လူထုအခြေပြုဗဟိုဌာန Community Centreခန်းမ၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်‌ရေး အသိပညာပေးTalk Show ဆွေးနွေးပွဲပြုလုပ်ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင် လက်​ထောက်ညွှန်ကြား​ရေးမှူး​ဒေါ်ခင်​လေးနွယ်က အသိပညာပေး Talk Show ဆွေးနွေးပွဲ ပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များအားပြောကြားပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးမှူး ဒေါ်အေးအေးသင်း ကအမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနှင့်ပတ်သက်၍ အမျိုးသမီးများအား ကျား/မ အခြေပြုအကြမ်းဖက်မှုဆိုင်ရာ စိတ်ပိုင်း၊ ရုပ်ပိုင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ စီးပွား​ရေးဆိုင်ရာ၊ ဆက်သွယ်​ရေးနည်းပညာ အသုံးပြု၍ အကြမ်းဖက်မှုများ၊ လိင်ကွဲပြားမှုကို အခြေခံ၍ အမျိုးသမီးများအား ခွဲခြားဖိနှိပ်မှုမပြုရေး၊ ထိုသို့ခွဲဖိနှိပ်မှုများအပေါ် ရှုတ်ချရန် ပပျောက်အောင်လုပ်ဆောင်ပေးရန်၊ အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဥပဒေအပါ အဝင် ဆောင်ရွက်မှုများ ဆောင်ရွက်ပေးရေး၊ လိင်ကွဲပြားမှုအပေါ် ခွဲခြားမှုအမြင်အစွဲများ ပပျောက်အောင်လုပ်ဆောင်ပေးရန်၊ အမျိုးသမီးများအား ကူးသန်းရောင်းဝယ်ခြင်းပြည့်တန်ဆာအဖြင့် စေခိုင်းခြင်းများမှ တားဆီးပေးရန်၊ အမျိုးသမီးများအကြမ်းဖက်မှုခံရပါက သက်ဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများက ကျန်းမာရေးဆိုင်ရာ ချိတ်ဆက်ဆောင်ရွက်ပေးခြင်း၊ တရားရေး ဆိုင်ရာချိတ်ဆက် ဆောင်ရွက်ပေးခြင်းနှင့် အခြားဝန်ဆောင်မှုများပေးခြင်းစသည့် အမျိုးသမီး များအပေါ်အကြမ်း ဖက်မှုပပျောက်ရေးနှင့် ပတ်သက်သည်များကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ခင်မျိုး၀င်း(ခရိုင်ပြန်/ဆက်)