ဘုတ်ပြင်း မေ ၅
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်တွင် (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးကိုကိုဝင်းက (၇၆) နှစ်မြောက် မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့နေ့ သဝဏ်လွှာအား ဖတ်ကြားခဲ့ပြီး တိုင်းဒေသကြီးမှ ချီးမြှင့်သည့် မီးသတ်ကျင့်ဝတ် (တပ်သားအဆင့်) (ပထမ) ဆုနှင့် တစ်နှစ်တာအိမ်ထောင်သည် လိုင်းခန်းအသန့်ရှင်းဆုံး (ဒုတိယ) ဆုရရှိသည့် တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်တို့ကို တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးခဲ့သည်။
ထိုနောက် မြို့နယ်အဆင့် အိမ်ထောင်သည်လိုင်းခန်း အသန့်ရှင်းဆုံး ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသည့် တပ်ဖွဲ့ဝင်မိသားစုများအား ဆုများချီးမြှင့်ခြင်းနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် လုပ်သက် (၂၅) နှစ်အထက်ရှိသူ တပ်ဖွဲ့ဝင် (၄) ဦးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဖြူဖြူသိန်း