ဖျာပုံ မေ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ အမာမြို့၊ ဒေးဒလူကျေးရွာအုပ်စု၊ ကျင်ကြီးဒေါင့်ကျေးရွာ မီးဘေးသင့်ပြည်သူများအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ အသုံးအဆောင်ပစ္စည်းများနှင့် အစားအသောက်များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ်(၁၂)နာရီအချိန်က အဆိုပါကျေးရွာ စာသင်ကျောင်းခန်းမ၌ ထောက်ပံ့လှူဒါန်း ကြသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ လှူဒါန်းသော အသုံးအဆောင်ပစ္စည်းများနှင့် အစား အသောက်များ ထောက်ပံ့ပေးအပ်ရာတွင် ဖျာပုံမြို့နယ်ကြက်ခြေနီအသင်းခွဲ အမှုဆောင် ဦးဝင်းမြင့်က ကျင်ကြီးဒေါင့်ကျေးရွာ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ရခြင်းနှင့် ပတ်သက်၍ အားပေးစကားပြောကြားပြီး ထောက်ပံ့ပစ္စည်းများဖြစ်သော Family Kit၊ Shelter tool kit၊ Dignity kit၊ Hygiene parcel၊ Kitchen set ပစ္စည်း(၅)မျိုးအား မီးဘေးသင့် ပြည်သူများအား ထောက်ပံ့လှူဒါန်းပေးအပ်ကြရာ ဖျာပုံမြို့ နယ်ကြက်ခြေနီ အသင်းခွဲ အမှူဆောင်ဦးဝင်းမြင့်၊ မြို့နယ်ကြက်ခြေနီ အသင်းတပ်ဖွဲ့ မှူးဦးဇေယျာနှင့် တပ်ဖွဲ့ ဝင်များမှလှူဒါန်းရာ ဒေးဒလူကျေးရွာအုပ်စု၊ ကျင်ကြီးဒေါင့်ကျေးရွာ တာဝန်ရှိသူများနှင့် မီးဘေးသင့်ပြည်သူများက လက်ခံရယူကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)