ဖား​ဆောင်းမြို့နယ် နန်းဟူးကုန်း​ကျေးရွာ၌ အိုမီခရွန်မျိုးရိုးဗီဇ​​ပြောင်း ကိုဗစ်-၁၉​ရောဂါ ကာကွယ်​ရေးနှင့် ကိုဗစ်-၁၉ကာကွယ်​ဆေး အကြိမ်ပြည့်ထိုးနှံ​ရေး အသိပညာ​ပေးနှိုး​ဆော်

ဖား​ဆောင်း မေ ၅

 ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် အိုမီခရွန်မျိုးရိုးဗီဇ​ပြောင်း ကိုဗစ်-၁၉ ​ရောဂါ ကြိုတင်ကာကွယ်် သတိပြုနိုင်ကြ​စေရန်နှင့် ကိုဗစ်-၁၉ ကာကွယ်​ဆေးအကြိမ်ပြည့်ထိုးနှံ​ရေးအတွက် အသိပညာ​ပေးနှိုး​ဆော်ခြင်းကို ပြန်ကြား​ရေးနှင့် ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနနှင့်​စေတနာ့ဝန်ထမ်းများက ယ​နေ့နံနက်(၁၁)နာရီအချိန်က ဖား​ဆောင်းမြို့ နန်းဟူးကုန်း​ကျေးရွာ၌ အသိပညာ​ပေး နှိုး​ဆော်ခြင်းများ ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

ထိုသို့ အသိပညာ​ပေး​ဆောင်ရွက်ရာတွင် ပြည်သူများအ​နေဖြင့် ကိုဗစ်-၁၉ ​ရောဂါ ကူးစက်ပြန့်ပွားမှုနှုန်း လျော့နည်းကျဆင်းမှုရှိပြီး အခြားနိုင်ငံများတွင် ထပ်မံ​တွေ့ရှိသည့် မျိုးရိုးဗီဇ​ပြောင်း အိုမီခရွန်​ရောဂါပိုး ကူးစက်ပြန့်ပွားမှုကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျန်းမာ​ရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကာကွယ်​ရေးနည်းလမ်းများနှင့်အညီ ​နေထိုင်ကြရန်နှင့် ကာကွယ်​ဆေးများကိုလည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လွှမ်းခြုံနိုင်မှု အပြည့်အဝရရှိ​စေရန် ကာကွယ်​ဆေးထိုးနှံ​ပေးလျက်ရှိရာ ပြည်သူများအ​နေဖြင့် မပျက်မကွက် အကြိမ်​ရေပြည့်ဝစွာ ထိုးနှံ​ပေးကြပါရန် အသိပညာ​ပေးနှိုး​ဆော်ခြင်းကို အရှိန်အဟုန်မြှင့် ​ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

နန်းသဲနု​အောင်(ဖား​ဆောင်း)