ကသာမြို့ မူလတောရကျောင်းတိုက်တွင် ခရိုင်နှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဘုရားစေတီရေသပ္ပါယ်ခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်

ကသာ မေ ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့ရှိ မူလတောရကျောင်းတိုက်တွင် ခရိုင်နှင့် မြို့နယ်မီးသတ် ဦးစီးဌာနမှ (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်အနေဖြင့် ယနေ့ နံနက်(၈)နာရီအချိန်မှစ၍ ဘုရားစေတီများ ရေသပ္ပါယ်ခြင်းနှင့် ကျောင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးစိုးထွန်းနှင့် မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဖြိုးသူတို့ ဦးဆောင်၍ ခရိုင်နှင့်မြို့နယ် မီးသတ်တပ်ဖွဲ့မှ သန္ဓေ(၄၄)ဦးနှင့် မိသားစုဝင်(၂၀)ဦးတို့က မူလတောရကျောင်းတိုက် ဆရာတော်အား ဆန်နှင့် ဆီများ ဆက်ကပ်လှူဒါန်းခြင်း၊ စေတီရေသပ္ပါယ်ခြင်း၊ ကျောင်းဝင်း အတွင်း သန့်ရှင်းရေးလုပ်ခြင်း၊ အုတ်နံရံဆေးသုတ်ခြင်း၊ စေတီရှိ မီးကြိုးနှင့် မီးလုံးများအား အသစ်လဲလှယ်ပေးခြင်း စသည့် လုပ်ငန်းများကို (၇၆)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်အနေဖြင့် စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

နေခ(ပြန်/ဆက်)