နွားထိုးကြီးမြို့နယ်တွင် လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်
May 06,2022
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် ပဲချက်ကျေးရွာ၊ နဘဲမြစ်ကျေးရွာ၊ ရေလည်ကျေးရွာနှင့် ကန်နားကျေးရွာတို့တွင် အမိုးလန်ပျက်စီးမှု ဖြစ်ပေါ်ခဲ့သည့် လေဘေးသင့် ပြည်သူများအတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီကမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။