(၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ပုသိမ်မြို့တွင် ကျင်းပ

ပုသိမ်  မေ     

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနတွင် ( ၇၆ ) နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့ နံနက်ပိုင်းအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည် ။

တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဧည်သည်တော်များ ရောက်ရှိချိန်တွင် မီးသတ်တပ်ဖွဲ့ဝင်များက စစ်ရေးပြအခမ်းအနားဖြင့် အလေးပြုခဲ့ကြပြီး နိုင်ငံတော်အလံအား အလေးပြုခြင်း၊ ကျဆုံးခဲ့ကြသော ခေါင်းဆောင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များအား အလေးပြုခြင်းနှင့် သစ္စာဓိဌာန် ( ၄ ) ချက်ကို သံပြိုင်ရွတ်ဆိုခြင်း များဆောင်ရွက်ခဲ့ကြသည်။

(၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ မိန့်ခွန်းကို ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ ဖတ်ကြားသည်။

အစီအစဉ်ဒုတိယပိုင်းတွင် အဆင့်မြင့်အဆောက်အဦတွင် ရှာဖွေကယ်ဆယ်ရေး သရုပ်ပြသခြင်း၊ စက်သုံးဆီ မီးလောင်ခြင်းများကို မီးငြိမ်းသတ်သရုပ်ပြခြင်း၊ မြေငလျှင်ကြောင့် ထိခိုက်မှုဖြစ်စဉ်တွင် ရှာဖွေ ကယ်ဆယ်ရေး သရုပ်ပြသခြင်း၊ ဂက်စ်မီးဖိုအသုံးပြု၍ မီးလောင်ကျွမ်းမှုအား ငြိမ်းသတ်သရုပ်ပြခြင်း၊ မီးသတ်ယာဉ်များ၏ စက်စွမ်းရည်ကို ရေရောင်စုံဖြင့် သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ပုသိမ်ခရိုင်ပြန်ဆက်