တမူးမြို့တွင် နွေရာသီကျောင်းပိတ်ရက် ကာလအတွင်း အခြေခံဘောလုံး အားကစားနည်း သင်တန်း ဖွင့်လှစ်သင်ကြား

တမူး မေ ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အခြေခံ ဘောလုံးအား ကစားနည်း သင်တန်းကို ဧပြီလ (၂၅) ရက်နေ့မှစ၍ တမူးမြို့ ပြည်သူ့အားကစားကွင်းတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

သင်တန်းဖွင့်လှစ် သင်ကြားပေးရာတွင် တမူးခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် ဘက်စုံဖွံ့ဖြိုး တိုးတက်ပြီး ဗလငါးတန်ဖြင့်ပြည့်စုံသည့် နိုင်ငံ့သားကောင်း လူရည်ချွန် အားကစားသမားများ ပေါ်ထွန်းလာစေရေး၊ ဘောလုံးအားကစားခြင်းဖြင့် ကျန်းမာသန်စွမ်း ထက်မြတ်သော လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရေး၊ လူငယ်များ မူးယစ်ဆေးဝါးသုံးစွဲမှု မဖြစ်စေရေးနှင့် လမ်းမှားမရောက်စေရေးအတွက် အားကစားလိုက်စား​စေလိုခြင်း၊ နိုင်ငံ့ လက်ရွေးစင် ဘောလုံးသမားကောင်းများ ပေါ်ထွန်းလာစေရေးတို့ကို ရည်ရွယ်၍ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအခြေခံ ဘောလုံးအားကစားနည်းသင်တန်းသို့ တမူးမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ ကျောင်းသားများ၊ ရပ်ကွက်နှင့်ကျေးရွာ အုပ်စုများမှ စိတ်ပါဝင်စားသည့် လူငယ်များ (၂၈) ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ဧပြီ(၂၅)ရက်နေ့မှ မေလ(၂၀) ရက်နေ့အထိ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

ရတနာ