မအီမြို့တွင် မော်တော်ယာဉ်(၂)စီး အရှိန်လွန်ယာဉ်တိုက်မှုဖြစ်ပွား

မအီ  မေ  ၅

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ အမှတ်(၂)ရပ်ကွက်နှင့်  အမှတ်(၃)ရပ်ကွက်ကြားတွင် ရှိသည့် ရန်ကုန်-ကျောက်ဖြူလမ်းပိုင်း၊ မိုင်တိုင်အမှတ်(၄၃)မိုင်၊ (၁)ဖာလုံ အနီးတွင် ယမန်နေ့ နံနက်ပိုင်းက မော်တော်ယာဉ်(၂)စီး အရှိန်မထိန်းနိုင်ဘဲ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ တောင်ကုတ်မြို့ဘက်မှ စစ်တွေမြို့သို့ မောင်းနှင်လာသည့် ၁၂ ဘီး ကုန်တင်ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိကာ ရမ်းဗြဲမြို့မှ တောင်ကုတ်မြို့ဘက်သို့ မောင်းနှင် လာသည့် မော်တော်ယာဉ်၏ ဝဲဘက်အခြမ်းကို တိုက်မိခဲ့ကြောင်း၊ ယာဉ်မောင်းနှင့် ခရီးသည်များ ထိခိုက်မှု မရှိခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ယာဉ်ကို မဆင်မခြင်ပေါ့ဆစွာ မောင်းနှင်သူ ကုန်တင်ယာဉ်မောင်းအား အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

မောင်မောင်ဌေး(ပြန်/ဆက်)