ရေး မေ ၅
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲများကို တူးမြောင်းကျေးရွာအုပ်စု၊ ပုပ္ဖဝတီကျေးရွာ ကျိုက်ဒေ့တမော့ဗရတ်သာသနာပြု နယ်မြေ (ကိုရင်း ဆရာတော်ကျောင်း) လျောင်းတော်မူဘုရား၌ ဧပြီလ ၃၀ ရက်နေ့မှ စတင်ဖြေဆိုလျက်ရှိ ရာ ပဉ္စမမြောက်နေ့အဖြစ် မေလ ၅ ရက်နေ့တွင် ဓမ္မာစရိယ စာဖြေသံဃာများ စာမေးပွဲများကို အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အဆိုပါ အစိုးရဓမ္မာစရိယစာမေးပွဲ ငါးရက်မြောက်နေ့တွင် လာရောက်ဖြေဆိုကြသည့် စာဖြေသံဃာတော်များအား စာမေးပွဲကြီးကြပ်ရေး ဆရာတော်များနှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာ၊ မြို့နယ်သာသနာရေး ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက် လျက်ရှိပြီး တပည့်၊ ဒါယကာ၊ ဒါယိကာမတို့မှလည်း အအေး၊ ငှက်သိုက်များ ဆက်ကပ်လှူဒါန်း ခဲ့ကြသည်။
ထို့နောက် ၂၀၂၂ ခုနှစ် စိုးရဓမ္မာစရိယစာမေးပွဲကို ဧပြီ ၃၀ ရက်နေ့မှ မေလ ၉ ရက်နေ့ထိလည်းကောင်း၊ ပါဠိပထမပြန်စာမေးပွဲ (ကြီး၊ လတ်၊ ငယ်၊ မူ)ကို မေလ ၇ ရက်နေ့မှ ၁၃ ရက်နေ့ထိ စုစုပေါင်း (၁၄)ရက်ကြ ကျင်းပ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်သာသနာရေး ဦးစီးမှူးရုံးမှ သိရသည်။
ရေး(ပြန်/ဆက်)