သံဖြူဇရပ် မေ ၅
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်လျှက်ရှိသည် မြို့နယ် အတွင်း ရေစီးရေလာကောင်းမွန်ရေးနှင့် ရေကြီးနစ်မြုပ်မှုကို ကာကွယ်နိုင်ရေးအတွက် မြို့နယ် အတွင်းရှိ ကင်ပွန်းချောင်း၊ ခေါပငံချောင်း၊ ဖောင်စိန်ချောင်းတို့ကို ပြန်လည်တူးဖော်ခြင်း လုပ်ငန်းကို (၁၅-၁၂-၂၀၂၁) ရက်နေ့မှစတင် အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
သံဖြူဇရပ်မြို့နယ်အတွင်း အဆိုပါကင်းပွန်းချောင်းသည် ကြာကန်ရပ်ကွက်နှင့် ဝါဂရူကျေးရွာ အဝင်ထိပ်တွင်ရှိပြီး ခေါ်ပငံချောင်းသည် ကျောင်းပိုင်းရပ်ကွက်၊ စက်သစ်ရပ်ကွက်နှင့် အောင်ချမ်းသာရပ်ကွက်တို့ကို ဆက်သွယ်စီးဆင်းသည့် ချောင်းဖြစ်ပြီး ဖောင်စိန်ချောင်းသည် မြို့ဝင်လမ်းမကြီးတွင် တည်ရှိကာနှစ်စဉ် မိုးရာသီကာလတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိရာ ရေစီးဆင်းမှု ကောင်းမွန် ရေးအတွက်အဆိုပါ ချောင်းများအား ပြန်လည်တူးဖော်ခြင်း လုပ်ငန်းကို မြို့နယ်စည်ပင်သာရာရေးအဖွဲ့မှ ၂၀၂၂-၂၀၂၃ ဘတ်ဂျက်ပြည်နယ်ရန်ပုံငွေမှ ကျပ်သိန်း (၃၀၀)အကုန်အကျခံကာ ပြန်လည်တူးဖော်ခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိရာ ယခု အခါရာနှုန်းပြည့်နီးပါး ဆောင်ရွက်ပြီးစီးပြီး ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အင်ဂျင်နီယာမှူး ဦးလှိုင်ဝင်းမောင်ထံမှ သိရသည်။
အေးအေးသီ(ပြန်/ဆက်)