ရွှေပြည်သာမြို့နယ်၌ Grade -5(သင်ရိုးသစ်)မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်လှစ်

ရွှေပြည်သာ    မေ   ၁၁

‌ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၌ Grade-5 သင်ရိုးသစ်မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို ယမန်နေ့နံနက်(၈)နာရီ အချိန်တွင် ရွှေပြည်သာမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် ရွှေပြည်သာမြို့နယ်ပညာရေးမှူး ဦးဝင်းမြင့်မှ သင်တန်းဖွင့် အမှာစကားပြောကြားပြီး သင်တန်းသို့ ရွှေပြည်သာမြို့နယ်အတွင်းရှိ ကျောင်းများမှ ဆရာ/ဆရာမ ၄၁၇ ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ မေ ၁၀ ရက်နေ့မှ မေ ၁၃ရက်နေ့အထိ (၄)ရက်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

Garde-5(သင်ရိုးသစ်)မြို့နယ်အဆင့် ဆင့်ပွားသင်တန်းအား ကိုဗစ်-၁၉ စည်ကမ်းချက်များနှင်အညီ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

နေမျိုးထွန်း